Thursday, March 2, 2017

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် UNFC ၏ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ



Image may contain: 6 people, people smiling, people standing and wedding
နေပြည်တော် မတ် ၁
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် UNFC ၏ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) အား ယနေ့ညနေ ၃နာရီခွဲတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ် အဖွဲ့(DPN) အဖွဲ့ခေါင်းဆောင် ခူဦးရယ်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးသဘောတူစာချုပ် (NCA)နှင့် အဆိုပြုချက် ၉ ချက်အပေါ် ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသူများက တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးကိစ္စရပ်များအပါအဝင် နိုင်ငံရေးဆွေးနွေးပွဲများနှင့် ပတ်သက်၍ မူပိုင်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယဝန်ကြီးဦးမင်းသူ၊ UNFC ၏ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့(DPN)အဖွဲ့ခေါင်းဆောင် KNPP အတွင်းရေးမှူးခူဦးရယ်၊ ဒုတိယအဖွဲ့ခေါင်းဆောင်(၁) SSPP ဗဟိုကော်မတီဝင် ဦးစိုင်းထူး၊ အဖွဲ့ဝင်များဖြစ်သည့် NMSP ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာနိုင်ရွှေသိန်း၊ NMSP ဗဟိုကော်မတီဝင် နိုင်အောင်မငေး၊ ANC မှ ဦးမင်းထွန်း၊ WNO မှ တာ့ညီလူ၊ နည်းပညာအထောက်အကူပြုရုံးအဖွဲ့မှ နိုင်ဗညားမွန်၊ ခူတော်ရယ်၊ ကိုဆန်အောင်၊ နော်ချောစု၊ ခွန်နောင်မင်းဗညား၊ ကြာရှဲဘိုနှင့် စိုင်းအောင်သိုင်းတို့ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment