Thursday, March 2, 2017

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကာတာနိုင်ငံနှင့်တရုတ်နိုင်ငံတို့မှ အထူးကိုယ်စားလှယ်များအား သီးခြားစီလက်ခံတွေ့ဆုံ



Image may contain: 1 person, sitting and indoor
နေပြည်တော် မတ် ၁
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် H.E. Mr. Sun Guoxiang ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင်လည်းကောင်း၊ ကာတာနိုင်ငံခြားရေးဝန်ကြီး၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးဆိုင်ရာ အထူးကိုယ်စားလှယ် H.E. Dr. Mutlaq M. Al-Qahtani အား ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် လည်းကောင်း နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ သီးခြားစီလက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment