Friday, March 3, 2017

ကျောင်းထဲက ဝိညာဉ်တွေ တကယ်ရှိ၊ မရှိစမ်းသပ်တဲ့ထိုင်းဝိညာဉ်ဇာတ်ကား School Tales ယခုတစ်ပတ် ရုံတင်မည်

Image may contain: 10 people
ယခုတစ်ပတ်မှာ ရုပ်ရှင်ရုံတွေမှာ အသစ်ရုံတင်ပြသမယ့် School Tales လို့ အမည်ရတဲ့ ထိုင်းဝိညာဉ် ဇာတ်ကားလေး အကြောင်းကို မိတ်ဆက်တင်ပြပါ့မယ်။
ဒီဇာတ်ကားလေးဟာ ထိုင်းနိုင်ငံက အထက်တန်းကျောင်းတစ်ကျောင်းမှာ အခြေပြုရိုက်ကူးထားတာဖြစ်ပြီးတော့ အဆောင်နေကျောင်းသားတွေရဲ့သဘာဝအတိုင်း ညဘက်အိပ်မပျော်တဲ့အခါ အပြောင်အပျက်အနေနဲ့ ဖြစ်ရပ်မှန် တစ္ဆေ၊ သရဲ အတွေ့အကြုံတွေကို ပြောပြကြရာကနေ ဇာတ်လမ်းအစပျိုးထားတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံက အထက်တန်းကျောင်းတစ်ကျောင်းရဲ့ နှစ်စဉ်ကျင်းပနေကျပွဲမှာ တီးဝိုင်းအလှပြကြမယ့် ကျောင်းသားတွေက အဓိကဇာတ်ကောင်တွေဖြစ်ပြီးတော့ တစ်ညမှာတော့ အဲဒီအထက်တန်းကျောင်းမှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန် တစ္ဆေ၊ သရဲဖြစ်ရပ်တွေကို တစ်ယောက်တစ်လှည့်စီ သိသမျှ မျှဝေကြပါတယ်။
လူငယ်သဘာဝ ကြားရုံမျှနဲ့မပြီးဘဲ အဲဒီ တစ္ဆေ၊ သရဲတွေ ဒီကျောင်းတော်ကြီးမှာ တကယ်ရှိ၊ မရှိ လက်တွေ့စမ်းသပ်ဖို့ ကြိုးပမ်းကြပါတော့တယ်။
အဲဒီနောက်ပိုင်း မနက်မိုးလင်းလို့ လူစုရင် ကျောင်းသားတွေမသိမသာ ပျောက်ဆုံးနေတာကိုတွေ့ရပါတယ်။ အဲဒီကျောင်းသားတွေရဲ့ ပျောက်ဆုံးခြင်းဟာ ရိုးရိုးသားသား ပျက်ကွက်ခြင်းလား၊ အဆိုပါ တစ္ဆေ၊ သရဲတွေရဲ့ ဒုက္ခ ပေးခြင်းခံလိုက်ရတာလားဆိုတာကို စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမယ့် သည်းထိတ်ရင်ဖို ထိုင်းဝိညာဉ်ဇာတ်ကား သစ်လေးဖြစ်ပါတယ်။
ဒီဇာတ်ကားလေးကို နေပြည်တော်၊ မင်္ဂလာ(ဂမုန်းပွင့်)လှည်းတန်း၊ စံရိပ်ငြိမ်နဲ့ မင်္ဂလာဒိုင်းမွန်းရုပ်ရှင်ရုံတို့မှာ လာမယ့် မတ် ၃ ရက်မှာ စတင်ရုံတင်ပြသသွားမှာဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။
(ဖြိုးစန္ဒာမြင့်)

No comments:

Post a Comment