Saturday, March 4, 2017

အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်စဉ်ကို အထောက်အကူပြုရန်ကိစ္စရပ်များ အမြင်ချင်းဖလှယ်




နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် The Global Fund အမှုဆောင်ဒါရိုက်တာအား လက်ခံတွေ့ဆုံ

Image may contain: 2 people, people standing and indoor
နေပြည်တော် မတ် ၃
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့အခြေစိုက် The Global Fund to fight AIDS, Tuberculosis and Malaria ၏ အမှုဆောင်ဒါရိုက်တာ Mr. Mark Dybul ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၅ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်လျက်ရှိသည့် The Global Fund အဖွဲ့အစည်းမှပေးအပ်သော ရန်ပုံငွေများနှင့် အစီအစဉ်များကိစ္စ၊ The Global Fund နှင့် မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရန်ကိစ္စ၊ ကျန်းမာရေးကဏ္ဍကို မြှင့်တင်သွားခြင်းဖြင့် နိုင်ငံတစ်နိုင်ငံလုံး၏ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်စဉ်ကို အထောက်အကူပြုရန် ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment