Wednesday, March 1, 2017

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် JICA ဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ



Image may contain: one or more people and people standing
နေပြည်တော် ဖေဖော်ဝါရီ ၂၈
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)၏ ဥက္ကဋ္ဌ Mr. Shinichi KITAOKA နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီ တွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ဆွေးနွေး
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် JICA တို့အကြား နယ်ပယ်ဒေသ အသီးသီး၌ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှုများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်ရှိသည့် ကိစ္စရပ်များကို ဆွေးနွေးကြသည်။
(သတင်းစဉ်)

No comments:

Post a Comment