Wednesday, March 1, 2017

အီတလီနိုင်ငံသံအမတ်ကြီးအား သူရဦးရွှေမန်း လက်ခံတွေ့ဆုံ



Image may contain: one or more people and people standing
နေပြည်တော် ဖေဖော်ဝါရီ ၂၈
ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အီတလီနိုင်ငံသံအမတ်ကြီး H.E. Mr. Pier Glorgio ALIBERTI အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-1)ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာကိစ္စရပ်များနှင့် ဥပဒေရေးရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment