Wednesday, March 1, 2017

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာ ဟော်နမ်ဟောင်အား လက်ခံတွေ့ဆုံ



Image may contain: 4 people, people on stage
နေပြည်တော် ဖေဖော်ဝါရီ ၂၈

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာ ဟော်နမ်ဟောင် ဦးဆောင်သည့်ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၁ဝ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ ခရီးသွားလုပ်ငန်းနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံယဉ်ကျေးမှုနှင့် နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ ဦးကျော်မျိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment