Monday, March 6, 2017

မူဆယ်မှ မန္တလေးသို့ ဝင်ရောက်လာသည့် အထောက်အထားမဲ့ Express ယာဉ်တစ်စီး သိမ်းဆည်းရမိ

Image may contain: sky and outdoor
မန္တလေး မတ် ၅
မန္တလေးတိုင်းဒေသကြီး အကောက် ခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် တရား မဝင် ကုန်စည်များကို တားဆီး စစ်ဆေးလျက်ရှိရာ မူဆယ်မြို့မှ မန္တလေးမြို့သို့ ဝင်ရောက်လာသော တရားဝင် စာရွက်စာတမ်း အထောက် အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသော Express ယာဉ် တစ်စီးကို သိမ်းဆည်းရမိခဲ့ကြောင်း အကောက် ခွန်ဦးစီးဌာနမှ သိရသည်။
ပြီးခဲ့သည့် မတ် ၂ ရက်က မူဆယ် မြို့မှ မန္တလေးမြို့သို့ ဝင်ရောက်လာ သော အထောက်အထားမဲ့ YUTONG အမျိုးအစား Express ယာဉ်တစ်စီး၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁ဝ သန်းခန့်ရှိ) ယာဉ်ကို မန္တလေးတိုင်း ဒေသကြီးအတွင်း (၁၆) မိုင် ကျောက် ချောစစ်ဆေးရေးစခန်း တာဝန်ကျ အကောက်ခွန်စစ်ဆေးရေးအဖွဲ့က စစ်ဆေးသိမ်းဆည်းရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
အဆိုပါ မန္တလေးတိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာနမှူးရုံးမှ မတ် ၂ ရက်နှင့် ၃ ရက်အတွင်း တရား မဝင်ကုန်စည်များ တားဆီးမှု ရှစ်မှု ရှိခဲ့ပြီး ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၄ ဒသမ ၇၅ သန်းကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
အကောက်ခွန်ဦးစီးဌာန စစ်ဆေး ရေးစခန်းများက တင်သွင်း/တင်ပို့ လျက်ရှိသော ကုန်ပစ္စည်းများကို စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက် လျက်ရှိရာ ၂ဝ၁၇ ခုနှစ် မတ် ၃ ရက်က ရေပူအမြဲတမ်းစစ်ဆေးရေး စခန်းက တားဆီးမှု တစ်မှု ခန့်မှန်း တန်ဖိုးငွေကျပ် ၄ ဒသမ ၁၅ သန်းခန့်၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်းက တားဆီးမှု တစ်မှု ခန့်မှန်း တန်ဖိုးငွေကျပ် သုည ဒသမ ၉၂ သန်း ခန့် စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၅ ဒသမ ဝ၇ သန်းခန့် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
(ဝဝ၁)

No comments:

Post a Comment