
ဘုန်းမောက်နောက်ခံလူ တိုင်ရိုနီမင်းစ်က မန်ယူတိုက်စစ်မှူး အီဗရာဟီမိုဗစ်၏မျက်နှာကို ခြေထောက်ဖြင့် တမင်ရည်ရွက်ချက်ရှိရှိဖြင့် နင်းခဲ့ခြင်းမဟုတ်ဟု ငြင်းဆိုခဲ့သော်လည်း ပွဲချိန်ပြည့် အီဗရာဟီမိုဗစ် သူ့အနားရောက်နေသလို ခံစားခဲ့ရသည်ဆိုသည်ကိုမူ ဝန်ခံပြောကြားလိုက်သည်။
တိုင်ရိုနီမင်းစ်က'' ဘောလုံးက ကျွန်တော်တို့နား ဖြတ်ဝင်လာတဲ့အခါမှာ သူ့တံတောင်ရောက်လာခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော့်စိတ်ထဲ သူတစ်ပွဲလုံး ကျွန်တော့် အနားရှိနေတယ်လို့တောင် ခံစားရပါတယ်။ ပြီးတော့ တစ်ချိန်လုံးလက်ရည်တူ တိုက်ပွဲဆင်နွှဲနေရသလိုပါပဲ''ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။
အီဗရာဟီမိုဗစ် ကွင်းထဲတွင်လဲကျနေစဉ်အတွင်း တိုင်ရိုနီမင်းစ်က မိုဗစ်၏ မျက်နှာကို ခြေဖြင့်နင်းခဲ့မိသဖြင့် မန်ယူအသင်းခေါင်းဆောင်ရွန်းနီက ဒေါသထွက်သည့် အမူအရာဖြင့် တုံ့ပြန်ခဲ့သလို ''ဇလာတန်ရဲ့ ခေါင်းကို တိုင်ရိုနီမင်းစ်နင်းခဲ့တာကို ဒိုင်က မြင်တွေ့ခဲ့ခြင်းမရှိပါဘူး။ ကျွန်တော်က အဲဒီနားမှာ ရှိနေခဲ့တာပါ။ ကစားသမား တစ်ဦးက အခြားသူတစ်ဦးရဲ့ ခေါင်းကို နင်းတယ်ဆိုရင် ကွင်းထဲမှာ ဆက်ရှိနေစရာ အကြောင်းကို မရှိပါဘူး'' ဟု သူ၏ အယူအဆကို ပြောကြားခဲ့သည်။
ယင်းနောက် မန်ယူအသင်းအလွတ်တည်ကန်ဘော ကန်ခွင့်ရချိန်တွင် အီဗရာဟီမိုဗစ်က တိုင်ရိုနီမင်းစ်၏ မျက်နှာကို တံတောင်ဖြင့်တွက်ခဲ့ရာ ပွဲချိန်အတွင်း အနီကတ်ပြသ ထုတ်ပယ်မခံရသော်လည်း သုံးပွဲပယ် ပြစ်ဒဏ်ကျခံရန်ရှိနေပြီဖြစ်သည်။ အဆိုပါ ဖြစ်စဉ်နှစ်ရပ် လုံးကို ဒိုင်လူကြီးမြင်တွေ့မှုမရှိခဲ့ခြင်းကလည်း ကစား သမားနှစ်ဦးစလုံးအတွက် ကံကောင်းမှုကို ဖြစ်စေခဲ့သည်။ သို့သော် ဗီဒီယိုအနှေးပြကွက်များတွင် အီဗရာဟီမိုဗစ်က လက်စားချေသည့် သဘောဖြင့် တိုင်ရိုနီမင်းစ်ကို တုံ့ပြန်ခဲ့ သည့် အနေအထားပေါ်လွင်သဖြင့် ပွဲပယ်ပြစ်ဒဏ်ချမှတ် ခံရရန် ရှိနေပြီဖြစ်သည်။
မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်နှင့် လီဗာပူးနောက်ခံလူ ကာရေဂါတို့ကမူ တိုင်ရိုနီမင်းစ်မှာ ကစားသမားတစ်ဦးတွင်ရှိသင့်သည့် ကျင့်ဝတ်ကို ချိုးဖျက်ခဲ့သဖြင့် မိုဗစ်ကို ပြစ်ဒဏ်ချမည်ဆိုပါက တိုင်ရိုနီ မင်းစ်ကိုလည်း ပြစ်ဒဏ်ချသင့်သည်ဟု ထင်မြင်ချက်ပေးခဲ့ ကြသည်။
မန်ယူနှင့် ဘုန်းမောက်အသင်းတို့ ပရီမီယာလိဂ် ပွဲစဉ်မှာ ပွဲကြမ်းတစ်ပွဲဖြစ်ခဲ့သလို အီဗရာဟီမိုဗစ်နှင့် တိုင်ရိုနီမင်းစ်တို့ ဖြစ်ပွားခဲ့သည့် အခြေအနေက မီဒီယာများကြား အာရုံစိုက်စရာကိစ္စတစ်ရပ်ဖြစ်ခဲ့သည်။
မေလဲ့သင်း
No comments:
Post a Comment