Monday, March 6, 2017

အဓိကကုန်သွယ်မှုလမ်းကြောင်း ရေပူနှင့် မရမ်းချောင် စစ်ဆေးရေးဂိတ်စခန်းတွင် စစ်ဆေး၊ နေ့စဉ် ကုန်တင်ယာဉ်ထောင်ကျော် ဖြတ်သန်းသယ်ပို့နေ

No automatic alt text available.
မန္တလေး မတ် ၅
တရားမဝင် ကုန်စည်များ ကူးသန်းရောင်းဝယ်နေမှုများကို အဓိကကုန်စည်သယ်ပို့ရေးလမ်းကြောင်း နှစ်ခုဖြစ်သည့် မြန်မာနိုင်ငံအထက်ပိုင်း မန္တလေး-မူဆယ်လမ်းပေါ်ရှိ ရေပူ စစ်ဆေးရေးဂိတ်စခန်းနှင့် မြန်မာနိုင်ငံ အောက်ပိုင်းရှိ ရန်ကုန်-မြဝတီလမ်းကြောင်းပေါ်ရှိ မရမ်းချောင် စစ်ဆေး ရေးစခန်းတို့တွင် တားဆီးစစ်ဆေးအရေးယူလျက်ရှိပြီး အဆိုပါ လမ်းကြောင်းတစ်လျှောက် ဖြတ်သန်းသယ်ပို့နေသည့် ကုန်တင်ယာဉ်အစီးရေ နေ့စဉ် ထောင်ကျော်ရှိနေကြောင်း သိရသည်။
တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေး အတွက် ရေပူအမြဲတမ်းစစ်ဆေးရေးဂိတ်နှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးဂိတ်စခန်းတို့အား မတ် ၁ ရက် တွင် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး တားဆီးအရေးယူမှုများကို ဆောင်ရွက်လျက်ရှိကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
အဆိုပါ ဂိတ်စခန်းနှစ်ခုတွင် စစ်ဆေးဆောင်ရွက် ချက်များအရ မတ် ၁ ရက်နှင့် ၂ ရက်တွင် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှု ယာဉ်ပို့ကုန် ၁၃၄၈ စီး၊ သွင်းကုန် ၁၄၂၆ စီး၊ ရန်ကုန်- မြဝတီ လမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၂၆၇ စီး၊ သွင်းကုန် ၃၇၂ စီး ကုန်စည်များ သယ်ယူ ပို့ဆောင်လျက်ရှိကြောင်း သိရသည်။
အလားတူ မတ် ၃ ရက်တွင် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၆၃၆ စီး၊ သွင်းကုန် အစီး ၇၃ဝ၊ ရန်ကုန်- မြဝတီ လမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၁၂၇ စီး၊ သွင်းကုန် ၂၁၅ စီး၊ မတ် ၄ ရက်တွင် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၆၅၅ စီး၊ သွင်းကုန် ၇ဝ၁ စီး၊ ရန်ကုန်-မြဝတီ လမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၁၄၃ စီး၊ သွင်းကုန် ၂၆၇ စီး ကုန်စည်များ သယ်ယူပို့ဆောင် လျက်ရှိကြောင်း သိရသည်။
အဆိုပါယာဉ်များအား တားဆီးစစ်ဆေးမှုများအရ မတ် ၁ ရက်နှင့် ၂ ရက်တွင် ရေပူအမြဲတမ်းစစ်ဆေး ရေးစခန်းမှ တရားမဝင်ကုန်စည်တားဆီးမှု လေးမှု(ခန့်မှန်း တန်ဖိုး ကျပ် ၂၅၆ ဒသမ ၉၁၆ သန်း)နှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းမှ တားဆီးမှု နှစ်မှု (ခန့်မှန်း တန်ဖိုးကျပ် ၂ ဒသမ ၅ သန်းခန့်) စုစုပေါင်း ခန့်မှန်းတန်ဖိုး ကျပ် ၂၅၉ ဒသမ ၄၁၆ သန်းခန့်ရှိကြောင်း သိရသည်။
အလားတူ မတ် ၃ ရက်တွင် ရေပူစစ်ဆေးရေးစခန်းမှ တားဆီးမှု တစ်မှု (ခန့်မှန်းတန်ဖိုး ၄ ဒသမ ၁၅ သန်းခန့်)၊ မရမ်းချောင် စစ်ဆေးရေးစခန်းမှ တားဆီးမှု တစ်မှု (ခန့်မှန်း တန်ဖိုး သုည ဒသမ ၉၂ သန်းခန့်) စုစုပေါင်း ခန့်မှန်းတန်ဖိုး ၅ ဒသမ ဝ၇ သန်းခန့် သိမ်းဆည်းရမိခဲ့သည်။ မတ် ၄ ရက် တွင် ရေပူစစ်ဆေးရေးစခန်းမှ တားဆီးမှု ကိုးမှု (ခန့်မှန်း တန်ဖိုး ၃၃ သန်းခန့်)၊ မရမ်းချောင် စစ်ဆေးရေးစခန်းမှ တားဆီးမှု နှစ်မှု (ခန့်မှန်း တန်ဖိုး ၁၅ ဒသမ ဝ၄၅ သန်း)ခန့် စုစုပေါင်း ခန့်မှန်းတန်ဖိုး ၄၈ ဒသမ ဝ၄၅ သန်းခန့် သိမ်း ဆည်းရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
ယင်းသို့ သိမ်းဆည်းရမိမှုများတွင် ထူးခြားသိမ်း ဆည်းရမိမှုများအနေဖြင့် မန္တလေးမှ မူဆယ်သို့ထွက်ခွာ လာသော တိုယိုတာလင့်ခရူဇာယာဉ်နှင့် တိုယိုတာဆဖ် အမျိုးအစားယာဉ်တို့မှ ကျောက်စိမ်းဟု ယူဆရသော ကျောက်များသယ်ဆောင်လာမှုကို မတ် ၁ ရက်က သိမ်းဆည်းရမိခဲ့ပြီး ခန့်မှန်းတန်ဖိုးကျပ်သန်း ၂ဝဝ ကျော်ရှိ ကျောက်များ(၄၄ဝ၃ ကီလိုဂရမ်)နှင့် အဆိုပါ လိုင်စင်မဲ့ယာဉ်များကို သိမ်းဆည်းရမိခဲ့သည်။
ယင်းအပြင် မူဆယ်မှ မန္တလေးသို့ ဝင်ရောက်လာသော YUTONG အမျိုးအစား လိုင်စင်မဲ့ Express ယာဉ်တစ်စီးကို မတ် ၂ ရက်က သိမ်းဆည်းရမိခဲ့ပြီး မတ် ၄ ရက်တွင် မြဝတီ မှ ရန်ကုန်သို့ သယ်ဆောင်လာသည့် တရားဝင် စာရွက် စာတမ်းအထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်း မရှိသည့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ တန်ဖိုး ကျပ် ၁၄ ဒသမ ၈ဝ၅ သန်းခန့်ကို သိမ်းဆည်းရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
(ဝဝ၁)

No comments:

Post a Comment