Wednesday, March 29, 2017

မိမိရဲ့ ပုံတူ ရုပ်တုကို ကိုယ်တိုင်ပြန်လည်ဖွင့်လှစ်ပေးလိုက်တဲ့ ဆန်းချက်ဇ်


Image may contain: 2 people, outdoor
အာဂျင်တီးနားအသင်းကို ရှုံးနိမ့်ပြီး ၂၄ နာရီမပြည့်ခင်မှာပဲ အာဆင်နယ်တိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်က သူ့ရဲ့ဇာတိ တိုကိုပီလာမှာထားရှိမယ့် သူ့ရဲ့ပုံတူရုပ်တုကိုကိုယ်တိုင်တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဲဒီဖွင့်ပွဲ
အခမ်းအနားကို ပရိသတ်ရာချီတက်ရောက်ခဲ့ပြီး သူက''လူတွေက ဒီလူ ဘာမှဖြစ်ဖြစ်မြောက်မြောက် စွမ်းဆောင်ခဲ့တာမရှိဘူးလို့ ဖြေမှာထက် ဝမ်းနည်းစရာကောင်းတာမရှိပါဘူး'' လို့ အခမ်းအနားမှာ ထည့်သွင်းပြောကြားခဲ့ပါ
တယ်။ ဆန်းချက်ဇ်ဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို လွန်ခဲ့တဲ့ ၁၁ နှစ်တာကာလက ဇာတိမြေကလပ် ကိုလိုကိုလိုအသင်းမှာ စတင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီရုပ်တုကို ချီလီအသင်း ၂ဝ၁၅ ကိုပါအမေရိကဖလားပြိုင်ပွဲမှ ဗိုလ်စွဲပြီးကတည်းက ထုလုပ်ခဲ့တာဖြစ်ပြီး အခုမှ ဖွင့်ပွဲအခမ်းအနား ကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီရုပ်တုကို ထုဆစ်ခဲ့တဲ့ဖန်တီးရှင် မာကိုဗန်ဂါရာကို ဆန်းချက်ဇ်က သူ့ရဲ့ ချီလီအသင်းဂျာစီကို လက်မှတ်ရေးထိုးကာ လက်ဆောင်အဖြစ်
ပေးခဲ့တဲ့အတွက် ဗန်ဂါရာက အာဂျင်တီးနားအသင်းနဲ့ ကစားတဲ့ပွဲစဉ်မှာ အဲဒီဂျာစီကို ဝတ်ဆင်ပြီး အားပေးခဲ့တာကိုလည်း တွေ့ရပါတယ်။ ဆန်းချက်ဇ်ဟာ အာဆင်နယ်နဲ့အနာဂတ်မသေချာ မရေရာဘူးလို့ သတင်းထွက်နေပေ
မယ့် ချီလီအသင်းအတွက်တော့ အမြဲတမ်းသူရဲကောင်းဖြစ်နေသလို ကိုပါအမေရိကဖလားကို နှစ်ကြိမ်ဆက်တိုက်ရရှိအောင် အဓိကကူညီပေးခဲ့သူလည်း ဖြစ်ပါတယ်။

မေလဲ့သင့် - ရေးသားသည်

No comments:

Post a Comment