Wednesday, March 29, 2017

လာမာစီယာထက် မက်ဆီလက်သစ်တွေ ထွက်ပေါ်ဖွယ်ရှိတဲ့ ကလပ်ဆိုရှယ်ပါကေး


Image may contain: 1 person, playing a sport
အာဂျင်တီးနားနိုင်ငံ ဗြူနိုအေးရိစ်မြို့ရဲ့ ကလပ်ဆိုရှယ်ပါကေးအမည်ရတဲ့ ဘောလုံးအကယ်ဒမီကျောင်းဟာ ဒီယေဂိုမာရာဒိုနာ၊ ရီကွယ်မီးလ်နဲ့ ကားလို့စ်တိဗက်ဇ်တို့လို နာမည်ကျော်ကစားသမားတွေကို မွေးထုတ်ပေးရာ ဌာနကြီးတစ်ခုဖြစ်ပြီး မက်ဆီလက်သစ် အိပ်မက်မက်နေကြတဲ့ လူငယ်လေးတွေ အများကြီးရှိနေတဲ့ နေရာတစ်ခုပါ။ ဘောလုံးလောကရဲ့ အကျော်ကြားဆုံး အကယ်ဒမီကျောင်းတစ်ခုဖြစ်တဲ့ ဘာစီလိုနာရဲ့ လာမာစီယာကျောင်းဟာ မက်ဆီ၊ ဇာဗီ၊ အင်နီယစေတာနဲ့ ပက်ဂွါဒီယိုလာတို့လို ကစားသမားများကို မွေးထုတ်ပေးရာ နေရာဖြစ်ပါတယ်။
ကလပ်ပါကေးရဲ့ ကင်းထောက်ချုပ်တစ်ဦးဖြစ်တဲ့ ရာမန် မက်ဒိုနီက သူတို့ကျောင်းရဲ့ ကစားသမား ၂ဝဝ လောက်က လက်ရှိ ဥရောပနဲ့ ကမ္ဘာ့ကလပ်အသင်းကြီးတွေမှာ ကစားနေကြပြီး ဒီပမာဏဟာ လာမာစီယာက မွေးထုတ်ပေးလိုက်တဲ့ လက်ရှိကစားသမားအင်အားထက်တောင်များနေသေးတယ်လို့ ဆိုပါသေးတယ်။
မက်ဒိုနီက ''ကျွန်တော်တို့ကတော့ အခြေခံပိုင်းနဲ့ နည်းစနစ်ပိုင်းကြေညက်အောင် အဓိကထား လေ့ကျင့်ပေးနေတာဖြစ်ပါတယ်'' လို့ အကယ်ဒမီကျောင်းရဲ့ အဓိကထားတဲ့ လုပ်ငန်းစဉ်တွေကို ရှင်းပြပါတယ်။ မက်ဒိုနီဆိုတာလက်ရှိ ကမ္ဘာ့လစာအများဆုံးကစားသမား ကားလို့စ်တိဗက်ဇ်ကို ဒီအကယ်ဒမီကျောင်းကို ခေါ်လာတာက သူဖြစ်ပြီးတိဗက်ဇ်လို နည်းစနစ်ပိုင်းကောင်းမွန်တဲ့ကစားသမားအများအပြား ပေါ်ထွက်နိုင်ခြေရှိတယ်လို့ ခန့်မှန်းချက်ထုတ်လိုက်ပါတယ်။ ဒါပေမယ့် ဒီအကယ်ဒမီကျောင်းမှာရှိနေတဲ့ ကလေးအများစုက လုပ်ခလစာများပြားတဲ့ တိဗက်ဇ်ထက် မက်ဆီလက်သစ်ဖြစ်ရေးကိုသာ အိပ်မက်မက်နေကြပြီး သူတို့ရဲ့ ရည်မှန်းချက်ကလည်း ဘာစီလိုနာအသင်းအတွက် ကစားခွင့်ရရေး ဖြစ်နေကြတာပါ။
ဒါ့အပြင်ကလေးအများစုက နောက်တန်းခံစစ်ပိုင်းအတွက် ကစားခိုင်းရင် မျက်ရည်ကျငိုကြပြီး သူတို့ဟာ ဂိုသွင်းတဲ့ တိုက်စစ်နေရာကသာ ကစားချင်တယ်ဆိုတဲ့ တောင်းဆိုမှုမျိုးတွေလည်း တွေ့ရပါတယ်။ မက်ဒိုနီက သူ့ဘဝရဲ့ မမေ့နိုင်စရာ အကောင်းဆုံးဖြစ်ရပ်တွေထဲမှာ ဘာကာနဲ့ ပီအက်စ်ဂျီကစားသမား ဆော်ရင်က ၂ဝဝ၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြည့်ရှုဖို့ လေယာဉ်ခ၊ တည်းခိုစရိတ် စတဲ့ အကုန်အကျခံပြီး ဖိတ်ခေါ်ခဲ့တဲ့ကိစ္စရပ်ပါလို့ ဖောက်သည်ချခဲ့ပါတယ်။
မေလဲ့သင်း - ရေးသားသည်

No comments:

Post a Comment