Wednesday, March 29, 2017

လူမှုစီးပွားဖွံ့ ဖြိုးတိုးတက်စေမည့် ၂၄ နာရီ လျှပ်စစ်ဓာတ်အားမီးလင်းရေးဆောင်ရွက်


Image may contain: one or more people and people standing
တာချီလိတ် မတ် ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့တွင် ရှင်းလုံထုတ်လုပ်မှုကုမ္ပဏီလီမိတက် နှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံမှ MCM ကုမ္ပဏီလီမိတက်တို့ပူးပေါင်း၍ ၂၄ နာရီ လျှပ်စစ်ဓာတ်အားမီးလင်းရေးဖွင့်ပွဲကို မတ် ၂၆ ရက် နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက် မြန်မာ-လာအိုချစ်ကြည်ရေးတံတားအနီး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ၂၄ နာရီ လျှပ်စစ်ဓာတ်အားမီးလင်းရေးဖွင့်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်သည့် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးဆွေသိန်း၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ၊ ရှင်းလုံထုတ်လုပ်ရေး
ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးစိုင်းထွန်းလှိုင်၊ လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံမှ လျှပ်စစ်စွမ်းအင်နှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Baunma Mani Vong နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ယင်းနောက် ရှမ်းပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးဆွေသိန်းက အဖွင့်အမှာစကားပြောကြားပြီး၊ လာအိုနိုင်ငံမှ လျှပ်စစ်စွမ်းအင်နှင့်စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက နှစ်နိုင်ငံမီးလင်းရေးလုပ်ငန်းဆောင်ရွက်နိုင်ခဲ့မှုအပေါ် အကျိုးရှိရှိ ရေရှည်စနစ်တကျထိန်းသိမ်းစီမံဆောင်ရွက်ရေး ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးက ၂၄ နာရီလျှပ်စစ်မီးရရှိရေးဆောင်ရွက်ခဲ့မှုနှင့် လျှပ်စစ်မီးရရှိ၍ ဒေသနေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး
ဖွံ့ဖြိုးပြီး လူနေမှုအဆင့်အတန်း မြင့်မားတိုးတက်စေမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားကာ လာအိုနိုင်ငံမှ မိုင်းလောင်းမြို့နယ်အုပ်ချုပ်ရေးမှူးက မီးလင်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့မှုအား ရှင်းလင်းပြောကြားသည်။
အဆိုပါ ၂၄ နာရီ လျှပ်စစ်ဓာတ်အား ၅ မဂ္ဂါဝပ်ကို ကျိုင်းလပ်မြို့မှ ကီလိုမီတာ (၃ဝ)ခန့်ကွာဝေးသည့် လာအိုနိုင်ငံ၊ မိုင်းလောင်းမြို့နယ်မှ ၂ဝ၁၆ ခုနှစ် အောက်တိုဘာလမှ လုပ်ငန်းစတင်သွယ်တန်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မီတာဘောက်စ်တပ်ဆင်ခအဖြစ် ထိုင်းဘတ်ငွေ နှစ်သောင်းငါးထောင်အား သုံးရစ်ဖြင့် အရစ်ကျငွေပေးသွင်းစေ၍ တပ်ဆင်ပေးခြင်းဖြစ်ရာ ကျိုင်းလပ်မြို့ရှိ အိမ်ခြေ ၂ဝဝ ခန့် စတင်သွယ်တန်းဖြန့်ဖြူးပေးနိုင်ပြီဖြစ်သည်။
ယင်း လျှပ်စစ်မီတာသုံးစွဲမှုအတွက် တစ်ယူနစ်လျှင် ထိုင်းဘတ်ငွေ ခြောက်ဘတ်နှုန်းဖြင့် ကောက်ခံမည်ဖြစ်ပြီး တာလေမြို့အထိ ဆက်လက်သွယ်တန်းဖြန့်ဖြူးပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝေယံလင်း(ပြန်/ဆက်)

No comments:

Post a Comment