Thursday, March 30, 2017

ဟာဇတ်ကို ရီးရဲမက်ဒရစ်က ပေါင်သန်း ၁ဝဝ နဲ့ ခေါ်ယူနိုင်


ကောင်းမြတ်သူ-စုစည်းသည်

စပိန်ထိပ်သီး ရီးရဲမက်ဒရစ်က ချယ်လ်ဆီး ကွင်းလယ်ကစား သမား ဟာဇတ်ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူ ဖွယ်ရှိနေပါတယ်။ ချယ်လ်ဆီးကတော့ ဘယ်လ်ဂျီယံ လက်ရွေး စင် ဟာဇတ်ကို ကမ်းလှမ်းမှု ပယ်ချလိုက်ပါတယ်။ ချယ်လ်ဆီးက ဟာဇတ်ကို ဈေးဘယ်လောက်ပေးပေး ရောင်းမှာမဟုတ်ပါဘူး လို့ ဆိုပါတယ်။
သို့ပေမယ့် ရီးရဲမက်ဒရစ် ပစ်မှတ်ထားတဲ့အတိုင်း ပေါင်သန်း ၁ဝဝ နဲ့ ပြောင်းရွှေ့မှုဖြစ်ခဲ့မယ်ဆိုရင်တော့ ကမ္ဘာ့ပြောင်းရွှေ့ ကြေး အမြင့်ဆုံးကစားသမားဖြစ်လာမှာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ မန်ယူက ပေါ့ဂ်ဘာကို ပေါင် ၈၉ ဒသမ ၃ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်လို့ ကမ္ဘာ့ပြောင်းရွှေ့ကြေးအမြင့်ဆုံး ကစား သမားဖြစ်ပါတယ်။
ပေါင်သန်း ၁ဝဝ နဲ့သာ ဟာဇတ်ကို ရီးရဲမက်ဒရစ်က ဝယ်ယူ ခဲ့မယ်ဆိုရင်တော့ ကမ္ဘာ့ပြောင်းရွှေ့ကြေး အမြင့်ဆုံး ကစား သမားဖြစ်လာမှာ ဖြစ်ပါတယ်။ ချယ်လ်ဆီးကတော့ ဒီကမ်း လှမ်းမှုကို လက်ခံခြင်းမရှိသေးပါဘူး။ သို့သော်လည်း ကွင်း လယ်ကစားသမားတစ်ဦး ခေါ်ယူဖို့ရှိနေတဲ့အတွက် ဖြစ်လာ နိုင်ဖွယ် ရှိနေပါတယ်။

No comments:

Post a Comment