Thursday, March 30, 2017

တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းစီမံချက်နှင့် စပ်လျဉ်းသည့် ဦးဆောင်ကော်မတီစည်းဝေး


နေပြည်တော် မတ် ၂၉

တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းစီမံချက်နှင့် စပ်လျဉ်းသည့် ပထမအကြိမ် ဦးဆောင်ကော်မတီအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် ဒိန်းမတ်နိုင်ငံသံအမတ်ကြီးH.E. Peter Lysholt Hansen တို့ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်သည်။
ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဒိန်းမတ်နိုင်ငံသံရုံးတို့အကြား တရားဥပဒေစိုးမိုး ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာလုပ်ငန်းစီမံချက်နှင့်စပ်လျဉ်း၍ နားလည်မှုသဘောတူ စာချွန်လွှာ (MoU) တစ်ရပ်ကို ၁-၁၂-၂ဝ၁၆ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါMoU အရ ပထမအကြိမ် ဦးဆောင်ကော်မတီအစည်းအဝေးကို ကျင်းပ ဆောင်ရွက်ခြင်းဖြစ်သည်။
အစည်းအဝေးတွင် ပြည်ထောင်စုရှေ့နေချုပ်က အမှာစကားပြောကြားရာတွင် တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ကို ပြည်ထောင်စုအစိုးရအဖွဲ့က ၉-၂-၂ဝ၁၇ ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ အလားတူ ပြည်ထောင်စု ရှေ့နေချုပ်ရုံးသည် ''တရားဥပဒေစိုးမိုးရေးဆီသို့''ဟူသော ရည်မှန်းချက်ဖြင့် မဟာဗျူဟာ စီမံကိန်းတစ်ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက် နေပါကြောင်း၊ တရားဥပဒေ စိုးမိုးရေးနှင့် လူ့အခွင့်အရေးဆိုင်ရာများ တိုးတက်လာစေ ရေးကိုရည်ရွယ်၍ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဒိန်းမတ်နိုင်ငံသံရုံးတို့အကြား ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းသည် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ် ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒိန်းမတ်နိုင်ငံ သံအမတ်ကြီးက ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ တွင် ပါဝင်ဆောင်ရွက်ခွင့်ရရှိ၍ ဝမ်းမြောက်မိပါကြောင်း၊ ဥပဒေအရာရှိများ၏ အရည် အသွေးများ မြင့်မားလာစေရေးအတွက် အဘက်ဘက်မှ ပံ့ပိုးကူညီဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။ အစည်းအဝေးတွင် ၂ဝ၁၇ ခုနှစ်အတွင်း အကောင် အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းများကို အသေးစိတ် ညှိနှိုင်းအတည်ပြုခဲ့ ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment