
နာမည်ကျော်ရက်ပ်တေးသံရှင်တစ်ဦး ဖြစ်သူဒရိတ်ခ်ဟာ လတ်တလောမှာတော့ မော်ဒယ်လ်တစ်ဦးဖြစ်တဲ့ ဖန်နီနီဂွစ်ရှာနဲ့ တွဲနေတာဖြစ်ပြီး သူတို့နှစ်ဦးချစ်သူတွေဖြစ်နေကြတယ်ဆိုတဲ့ သတင်းတွေဟာလည်း ဟောလိဝုဒ်မီဒီယာတွေအကြား ပျံ့နှံ့ လာခဲ့ကြောင်း အေ့စ်ရှိုးဘစ်ဇ်ဒေါ့ကွန်း ရဲ့ဖော်ပြချက်တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ၃ရက်မှာ ကျင်းပခဲ့တဲ့ ပါတီပွဲမှာ ''Hotline Bling''သီချင်းရဲ့တေးသံရှင် ဒရိတ်ခ်ရဲ့ ဖန်နီနီဂွစ်ရှာနဲ့ တွဲဖက်ကာ ပျော်ရွှင်နေတဲ့ ပုံရိပ်တွေကို ဟောလိဝုဒ်မီဒီယာ တွေက ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။
အဆိုပါပါတီပွဲဟာ ဘယ်လ်ဂျီယံနိုင်ငံမှာ ကျင်းပခဲ့တဲ့ဒရိတ်ခ်ရဲ့ နယ်လှည့်ဖျော်ဖြေပွဲ အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့တဲ့ ပါတီပွဲဖြစ်ပြီး အဆိုပါပါတီပွဲမှာ နှစ်ဦးသား ဖက်ထားတဲ့ ဓာတ်ပုံတစ်ပုံကို ဖန်နီနီဂွစ်ရှာက သူ့ရဲ့လူမှုကွန်ရက်မီဒီယာတစ်ခုဖြစ်တဲ့ အင်စတာဂရမ်စာမျက်နှာပေါ် မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။
ဖန်နီနီဂွစ်ရှာဟာ ပြီးခဲ့တဲ့နှစ် အတွင်းက ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ ဒရိတ်ခ်ရဲ့ ရုပ်ရှင်ဇာတ်လမ်းတို ''Please Forgive Me''မှာ ဒရိတ်ခ်နဲ့ အတူ ခေါင်းဆောင်ပါဝင်သရုပ်ဆောင်ခဲ့ပြီး အဆိုပါရုပ်ရှင်ရိုက်ကူးခဲ့တဲ့ ၂ဝ၁၆ ခုနှစ် စက်တင်ဘာလ နောက်ပိုင်းမှာလည်း ဆက်လက် ခင်မင်ခဲ့ကြတာဖြစ်ပါတယ်။
ဘယ်လ်ဂျီယံမော်ဒယ်လ်တစ်ဦး ဖြစ်သူ ဖန်နီနီဂွစ်ရှာဟာ အီတလီ ဘောလုံးကြယ်ပွင့် ဘာလော့တယ်လီ နဲ့ စေ့စပ်ခဲ့ဖူးသူလည်းဖြစ်ပါတယ်။ ဒရိတ်ခ်ကတော့ ပေါ့ပ်ကြယ်ပွင့် ဂျနီဖာလိုပက်ဇ်နဲ့ သတင်းတွေထွက် နေခဲ့တဲ့အကြားမှာမှ ယခုလို ဖန်နီနီ ဂွစ်ရှာနဲ့ သတင်းတွေ ပေါ်ထွက်လာ ခဲ့တာဖြစ်ကြောင်းလည်း သိရပါတယ်။
အေးပြည့်
No comments:
Post a Comment