
ကွယ်လွန်သွားပြီဖြစ်တဲ့ ပေါ့ပ်တေးသံရှင်မိုက်ကယ်လ်ဂျက်ဆင်ရဲ့ သမီးဖြစ်သူ ပဲရစ်ဂျက်ဆင်ဟာ လတ်တလောမှာ ဟောလိဝုဒ်ရဲ့နာမည်ကျော်မော်ဒယ်လ်အေဂျင်စီတစ်ခုနဲ့ စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ကာ အဆိုပါအေဂျင်စီနဲ့ ပထမဆုံး သောဓာတ်ပုံရိုက်ကူးမှုကိုလည်း ပြုလုပ်ခဲ့ကြောင်း အေ့စ်ရှိုးဘစ်ဇ်ဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
လတ်တလာမှာ အသက် (၁၈)နှစ်ရှိပြီဖြစ်တဲ့ ပဲရစ်ဂျက်ဆင်ဟာ IMG မော်ဒယ်လ်စ်နဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်ကာ အဆိုပါအေဂျင်စီအောက်မှာ ပထမဆုံးအကြိမ်အဖြစ် ဓာတ်ပုံမော်ဒယ်လ်တစ်ဦးအဖြစ် ဆောင်ရွက်ပေးခဲ့ တာဖြစ်ပါတယ်။ ပဲရစ်ဂျက်ဆင်ဟာ ဖက်ရှင်စာအုပ်တစ်ခုအတွက် ဓာတ်ပုံ ရိုက်ကူးပေးခဲ့တာဖြစ်ပြီး ယခုလိုအခွင့်အရေးရခဲ့တာနဲ့ပတ်သက်ပြီးလည်း ပဲရစ် ဂျက်ဆင်က သူ့ရဲ့လူမှုကွန်ရက်မီဒီယာတစ်ခုဖြစ်တဲ့ အင်စတာဂရမ်စာမျက်နှာ ပေါ်မှာ ကိုယ့်ကိုယ်ကိုယ် အလွန်ကံကောင်းသူတစ်ဦးအဖြစ်ခံစားနေရကြောင်း သူ့ရဲ့ဓာတ်ပုံနဲ့အတူ ဖော်ပြခဲ့ကြောင်းလည်း သိရပါတယ်။
ပဲရစ်ဂျက်ဆင်ဟာ လတ်တလောမှာ မော်ဒယ်လ်တစ်ဦးအဖြစ်သာမက သရုပ်ဆောင်တစ်ဦးအဖြစ်ပါ အနုပညာလှုပ်ရှားမှုတွေလုပ်ဆောင်လာတာကို တွေ့မြင်ရပါတယ်။ သူဟာ လီဒန်နီရယ်လ်ရိုက်ကူးလျက်ရှိတဲ့ ဖောက်ဇ်ရုပ် သံလိုင်းမှာ ထုတ်လွှင့်ပြသသွားမယ့်ရုပ်ရှင် ''Star''မှာ ပါဝင်သရုပ်ဆောင်လျက် ရှိပါတယ်။ ပေါ့ပ်တေးဂီတရဲ့ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ တေးသံရှင် တစ်ဦးရဲ့ ရင်သွေးဖြစ်ပေမယ့် ပဲရစ်ဂျက်ဆင်က သူ့အနေနဲ့ ဂီတကိုချစ်မြတ်နိုး သော်လည်း တေးသံရှင်တစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်းမှုပြုမှာ မဟုတ် ကြောင်းလည်း မကြာသေးမီက မဂ္ဂဇင်းအင်တာဗျူးတစ်ခုမှာ ဖွင့်ဟပြောကြားခဲ့ပါ တယ်။
အေးပြည့်
No comments:
Post a Comment