Friday, March 3, 2017

ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောဘုရားပွဲ ရိုးရာလှေလှော်ပြိုင်ပွဲ ကျင်းပ



Image may contain: one or more people, outdoor, nature and water
ကလေးဝ မတ် ၂
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးဝမြို့၌ တည်ထားကိုးကွယ်တော်မူသည့် ကလေးဝမြို့နယ်လုံးဆိုင်ရာ သာသနာ့သမိုင်းဝင် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်းအောင်ပွဲအထိမ်းအမှတ် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲကို မတ် ၁ ရက် နံနက် ၈ နာရီမှ စတင်၍ စည်ကားသိုက်မြိုက်စွာကျင်းပသည်။
အဆိုပါလှေလှော်ပြိုင်ပွဲကို စတင်ကျင်းပနိုင်ရန်အတွက် ကလေးခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲကျင်းပရေး ကော်မတီနာယက ဦးကိုကိုနိုင်၊ ကလေးခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မိုးနှင့် မြို့မိမြို့ဖ မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးပေါက်ဖော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌနှင့် ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌတို့က အမှာစကားပြောကြားကြပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်က ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ရှင်းလင်းတင်ပြပြီး အဆိုပါ မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲကိုချင်းတွင်းမြစ်အတွင်း၌ အမျိုးသားအသင်း ၁၈ သင်းနှင့် အမျိုးသမီးအသင်း ၁ဝသင်းတို့က မြန်မာ့ရိုးရာအနှစ်သာရပါပါ ရွှေမုဋ္ဌောတံခွန်စိုက်ဒိုင်းဆုကြီးအပါအဝင် ဆုတံဆိပ်များနှင့်ဆုကြေးငွေများဆွတ်ခူးရရှိနိုင်ကြရေး၊ ဒေသဂုဏ်ဆောင်နိုင်ကြရေးတို့အတွက် အားမာန် အပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
သက်ဟန်(ပြန်/ဆက်)

No comments:

Post a Comment