Saturday, March 4, 2017

ဇင်ဘာဘွေတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လူ ၂ဝဝ ကျော်သေဆုံး



ဟာရာရီ မတ် ၃ 

ဇင်ဘာဘွေနိုင်ငံတွင် မိုးအဆက်မပြတ် ရွာသွန်းသဖြင့် ဒေသအသီးသီးတွင် ရေဘေးဒုက္ခ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး လက်ရှိအချိန်ထိ လူပေါင်း ၂၄၆ ဦး သေ ဆုံးခဲ့ကာ ၂ဝဝဝ ကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ ရကြောင်း ယမန်နေ့က အစိုးရအရာရှိ တစ်ဦးက ထုတ်ပြန်ကြေညာခဲ့သည်။
ဇင်ဘာဘွေနိုင်ငံ အစိုးရဝန်ကြီး တစ်ဦးဖြစ်သူ စေဗီယား ကက်ဆုကူဝါက လက်ရှိအချိန်ထိ ဇင်ဘာဘွေတစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် နေအိမ်ပေါင်း ၂၅၇၉ လုံး၊ ကျောင်း ၇၄ ကျောင်း၊ ဆေးရုံ ၅ ရုံတို့လည်း ရေဘေးဒုက္ခကြောင့် ပြိုလဲသွားရကြောင်း၊ ရေဘေးဒုက္ခ ကြောင့် မွေးမြူရေးနှင့် တိရစ္ဆာန်အများ အပြားသေဆုံးခဲ့ရပြီး လွန်ခဲ့သောလ နောက်ဆုံးရက်က ဇင်ဘာဘွေ တောင်ပိုင်းဒေသကို အမျိုးသားအဆင့် ဘေးဒုက္ခကျရောက်သည့် အခြေအနေ အဖြစ် ကြေညာခဲ့ကြောင်းပြောခဲ့သည်။
ဇင်ဘာဘွေနိုင်ငံ သဘာဝ ပတ်ဝန်းကျင်ဌာနဝန်ကြီး အော့ပါမူချီဂူရီ က ရေဘေးဒုက္ခကြောင့် နိုင်ငံတွင်းရှိ ရေအရင်းအမြစ်ဆိုင်ရာ အခြေခံ အဆောက်အအုံများ ဆုံးရှုံးခဲ့ရကြောင်း၊ လက်ရှိအချိန်တွင် လူပေါင်းတစ်သိန်းခန့် သန့်ရှင်းသောရေ မရရှိနိုင်ကြောင်း၊ ပျက်စီးခဲ့သည့် အဆောက်အအုံများကို ပြင်ဆင်ရန်အတွက် အမေရိကန်ဒေါ်လာ ၁၂ သန်း လိုအပ်မည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။
ရာသီဥတုဆိုင်ရာ ပညာရှင်များက ဇင်ဘာဘွေနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အဆက်မပြတ် မိုးရွာသွန်းမှုသည် လာနီညာအခြေအနေကြောင့် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး မိုးရွာသွန်းမှုသည် မတ်လ ကုန်ပိုင်းအထိ ဆက်လက်ရွာသွန်းနိုင် ကြောင်း ခန့်မှန်းထားသည်။
(ဆင်ဟွာ)

No comments:

Post a Comment