မိုဆူးလ် မတ် ၃
အီရတ်နိုင်ငံ မြို့တော်မိုဆူးလ်အနီးတွင် ကလေးငယ်ငါးဦးနှင့် အမျိုးသမီးနှစ်ဦး တို့သည် အန္တရာယ်ရှိသည့် ဓာတုအဆိပ် ထိတွေ့မိခဲ့မှုကြောင့် ဆေးရုံတက်ကာ ကုသမှုခံယူရလျက်ရှိကြောင်း နိုင်ငံ တကာ ကြက်ခြေနီကော်မတီက သောကြာနေ့တွင် ပြောကြားခဲ့သည်။
မိုဆူးလ်မြို့တွင် အိုင်အက်စ် အစွန်းရောက် စစ်သွေးကြွများသည် အမေရိကန်က ကျောထောက်နောက်ခံ ပြုထားသည့် အီရတ်လုံခြုံရေးအင်အားစု များ၏ ထိုးစစ်ဆင်ချေမှုန်းတိုက်ခိုက်မှုကို အလူးအလဲခံရလျက်ရှိသည်။
အီရတ်မြို့တော် မိုဆူးလ်နှင့် အနီးတစ်ဝိုက်တွင် တိုက်ပွဲများဖြစ်ပွား ခဲ့စဉ်အတွင်း ဓာတုအဆိပ်လက်နက်များ အသုံးပြုခဲ့ခြင်းအပေါ် နိုင်ငံတကာ ကြက်ခြေနီကော်မတီက အပြင်းထန်ဆုံး စကားလုံးများဖြင့် ပြစ်တင်ရှုတ်ချခဲ့ ကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သည့်နှစ်ရက်အကြာက အဆိပ် သင့်ပစ္စည်းထိတွေ့ခဲ့သည့် လူနာခုနစ်ဦး အား မိုဆူးလ်မြို့အနီး ရိုဇာဝါဆေးရုံသို့ ပို့ဆောင်ကာ ကုသမှုများ လုပ်ဆောင် လျက်ရှိရာတွင် နိုင်ငံတကာကြက်ခြေနီ ကော်မတီမှ ဆေးဘက်ဆိုင်ရာအဖွဲ့ များသည် ဒေသရှိ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းများထံသို့ အပြည့်အဝ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ကော်မတီက ပြောကြားခဲ့သည်။
(ရိုက်တာ)
No comments:
Post a Comment