ကောင်းမြတ်သူ စုစည်းသည်။
ဘိုင်ယန်မြူးနစ်က ရှော်လ်ကေးကို သုံးဂိုးပြတ်နဲ့ အနိုင်ကစားပြီး
ဂျာမန်ဖလား ဆီမီး ဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။ လီဝမ်ဒေါစကီးဟာ
ဒီပွဲမှာ ဂိုးသွင်းပေးခဲ့တဲ့ အတွက် တစ်နှစ်တည်း ဂိုးပေါင်း ၃ဝ အထိ
သွင်းယူပေးနိုင်သူ ဖြစ်လာပါတယ်။ မိုချန် ဂလာဘတ်အသင်းကလည်း
ဟမ်းဘတ်အသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရပြီး
ဆီမီးဖိုင်နယ်တက်လာခဲ့ပါတယ်။ လီဝမ်ဒေါစကီးဟာ ဘွန်ဒက်စ်လီဂါ ဂိုး ၁၉ ဂိုး
အပါအဝင် ယခုဂိုးနဲ့ ဂိုး ၃ဝ အထိ သွင်းယူပေးနိုင်သူ ဖြစ်လာပါတယ်။ သူဟာ
ဘိုင်ယန် မြူးနစ်အတွက် အဓိကအားထားရတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး
ပရီမီယာလိဂ် ထိပ်သီးကလပ်တွေဖြစ်တဲ့ မန်ယူ၊ ချယ်လ်ဆီးတို့က ခေါ်ယူဖို့
ပစ်မှတ်ထားခြင်းခံရ သူလည်း ဖြစ်ပါတယ်။ သို့သော်လည်း
ဘိုင်ယန်မြူးနစ်အသင်းနဲ့သာ ဂိုးတွေဆက်တိုက် သွင်းယူပြီး သူ့ရဲ့
အောင်မြင်မှုကို ဆက်လက်ထိန်းထားနိုင်ခဲ့ပါတယ်။
No comments:
Post a Comment