Thursday, March 30, 2017

စိုက်ပျိုးမွေးမြူရေးစခန်းအတွင်းရှိ ခေတ်မီအအေးပေးစနစ်ဖြင့် ဥစားကြက်များ မွေးမြူထားရှိမှုအခြေအနေကြည့်ရှု

Image may contain: 2 people

နေပြည်တော် မတ် ၂၉

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်း စစ်ဌာနချုပ် အမှတ် (၁) စိုက်ပျိုးမွေးမြူရေးစခန်းသို့ ရောက်ရှိပြီး စိုက်ပျိုးမွေးမြူရေးစခန်းအတွင်းရှိ ခေတ်မီ အအေးပေးစနစ်ဖြင့် Novogen Brown ဥစားကြက်များ မွေးမြူထားရှိမှုအခြေအနေများကို လိုက်လံ ကြည့်ရှုသည်။
ဆက်လက်ပြီးGreen House များဖြင့် စိုက်ပျိုးထားရှိသည့် ကိုက်လန်၊ မုန်ညင်း၊ ပန်းဂေါ်ဖီစိုက်ပျိုးခြံ များအား လှည့်လည်ကြည့်ရှုသည်။
ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ စိုက်ပျိုးမွေးမြူရေးစခန်း သုံးခုရှိပြီး ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလမှ ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကြက်သားပေါက် ၇၆ဝဝဝဝကျော်၊ ဝက်သားပေါက် ၅၉၅ ကောင်၊ ကြက်သား ၁၄၉ဝ၂၄၇ ပိဿာ၊ ဝက်သား ၂ဝ၁၈၈၄ ပိဿာ၊ ဆိတ်သား ၄၇၃၅ ပိဿာ၊ အမဲသား ၂၇၃၁၈ ပိဿာ၊ ဘဲသား ၉၆၁၂ ပိဿာ၊ ငါး ၄၅ဝ၂၂ဝပိဿာ၊ ဘဲဥအလုံး ၁၁၂၅၈၇ဝ၊ ကြက်ဥ ၂၂ဝ၂၆၈၂၄ လုံး၊ နွားနို့ ၁၃၈၉၂၁ ပိဿာ ထုတ်လုပ်နိုင်ခဲ့ပြီး သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့များ၏ ရိက္ခာစိုပေးသွင်းခြင်းနှင့် တပ်မိသားစု များသာမက ပြင်ပသို့ပါ သက်သာသော ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးနိုင်ခဲ့သည်။
မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့သည် အင်းစိန်မြို့နယ် မင်းဓမ္မကုန်းမြေရှိ လောကချမ်းသာ အဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး၏ ဝတ္တကနယ်မြေအတွင်း၌ တပ်မတော် (ကြည်း၊ ရေ၊လေ) မိသားစုများနှင့် စေတနာရှင်အလှူရှင်များက တည်ဆောက်လှူဒါန်းသည့် သီရိမင်္ဂလာ မဟာ သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment