Thursday, March 2, 2017

ဘောလုံးပေးပို့မှု ၁ဝဝဝ ကျော် ပြုလုပ်နိုင်ခဲ့တဲ့ ပရီမီယာလိဂ် ပထမဆုံး ကစားသမားဖြစ်လာတဲ့ ပေါလ်ပေါ့ဘာ

Image may contain: 1 person, playing a sport and outdoor
မန်ယူကွင်းလယ်လူ ပေါလ်ပေါ့ ဘာသည် ပြိုင်ဘက် ဧရိယာ အတွင်းဘောလုံးပေးပို့မှု အကြိမ် ၁ဝဝဝကျော် ပြုလုပ်ခြင်းဖြင့် ပရီမီယာလိဂ် ကစားသမားများထဲတွင် ဘောလုံးပေးပို့မှု အကြိမ်အများဆုံး ပြုလုပ်နိုင်သည့် ကစားသမားဖြစ်လာခဲ့ကြောင်း စာရင်းဇယား အချက်အလက် များ၏ ထုတ်ပြန်ချက်အရသိရသည်။
ယခုကဲ့သို့ သူ၏ ပြိုင်ဘက် ကစားသမားများကို ကျော်ဖြတ်ဘောလုံးပေးပို့မှု ပြုလုပ်နိုင်ခြင်းက ပရီမီယာလိဂ်သို့ ဒုတိယအကြိမ် ပြန်လည် ခြေချချိန်တွင် အခြားကစားသမားများထက် ခေါင်းတစ်လုံးပိုမြင့်နေသည့် သူ၏ စွမ်းဆောင် ရည်ကို သက်သေထူနိုင်ခြင်းလည်းဖြစ်ခဲ့သည်။
ပေါ့ဘာသည် ပြိုင်ဘက် ဧရိယာအတွင်းဘောလုံးပေးပို့မှုပေါင်း ၁ဝ၂၉ကြိမ် ပြုလုပ်နိုင်သဖြင့် ဒုတိယအကြိမ်ရေ အများဆုံးပြုလုပ်နိုင်သည့် လီဗာပူးကွင်းလယ်လူ ဂျော်ဒန်ဟန်ဒါဆန် ထက် ၄၂ ကြိမ် သိသိသာသာ အသာရနေသည်ကိုလည်း တွေ့ရသည်။
ယင်းနောက် အာဆင်နယ်ကွင်းလယ်လူ မီဆပ်အိုဇေးလ်က ၉၅၄ကြိမ်ဖြင့် တတိယ၊ မန်စီးတီး ကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗားက အကြိမ် ၉၃ဝ၊ ချယ်လ်ဆီးမှ အေဒင်ဟာဇက်က ၈၇၅ ကြိမ်၊ မန်ယူမှ ဟာရဲရားက ၈၇၂ ကြိမ် စသဖြင့် အစဉ်လိုက်ရပ်တည်နေကြသည်။
အသက်အရွယ်အား ဖြင့်လည်း ပေါ့ဘာမှာ ၂၃နှစ်သာရှိသေးရာ အခြားပရီမီယာလိဂ် ထိပ်တန်းအသင်းမျာဖြစ်သည့် လီဗာပူး၊အာဆင်နယ်၊ ချယ်လ်ဆီး ၊ မန်စီးတီး စသည့် အသင်းများမှ ကစားသမားများထက် သိသိသာသာငယ်ရွယ်နေသေးသဖြင့် မန်ယူအသင်းအတွက် ကာလကြာရှည် အားကိုးရမည့် ကစားသမားတစ်ဦးကို မော်ရင်ဟို မှန်ကန်စွာ ဝယ်ယူနိုင်ခြင်းဖြစ်ကြောင်း အီးအေစပို့က သုံးသပ်သည်။
ယခု ထွက်ပေါ်လာသော အချက်အလက်များအရ ဟာရဲရားသည်လည်း ဘောလုံးပေးပို့မှု ၈၇၂ကြိမ်အထိပြုလုပ်နိုင်သဖြင့် နည်းပြ မော်ရင်ဟို ဘာကြောင့် ဟာရဲရား နှင့် ပေါ့ဘာအတွဲအဖက်ကိုသာ ကွင်းလယ်နေရာတွင် အထိုင်ချ ကစားခိုင်းစေသည် ဟူသော အဖြေကိုပါ ရှင်းပြီးသားဖြစ်စေသည်။
ချယ်လ်ဆီးကွင်းလယ်လူ ကန်တီမှာ ပေါ့ဘာထက် ဘောလုံးပေးပို့မှု အကြိမ် ၂ဝဝလျော့နည်းပြီး ၈ဝ၉ကြိမ်သာ ပြုလုပ်နိုင်သော်လည်း ပရီမီယာ လိဂ်အကောင်းဆုံးကစားသမားအဖြစ် နာမည်ထွက်နေခြင်းမှာ အငြင်းပွားစရာ ကောင်းနေသည်။
သို့ရာတွင် ချယ်လ်ဆီးမှာ ပရီမီယာလိဂ်အမှတ်ပေး ဇယား အဆင့်(၁)နေရာကို ရမှတ်ပြတ်ဖြင့် ဦးဆောင်နိုင်ခြင်းက ကန်တီကို ပရီမီယာလိဂ်အကောင်းဆုံးကွင်းလယ်ကစားသမား အဖြစ် သတ်မှတ်စေခြင်းဖြစ်မည်ဟု ဘီတီကပင် သုံးသပ်အဖြေ ထုတ်ခဲ့သည်။
မေလဲ့သင်း

No comments:

Post a Comment