Thursday, March 2, 2017

ပြည်ပပို့ကုန်အမယ်သစ် တိုးချဲ့ရေး

မြန်မာ့အလင်းအယ်ဒီတာအာဘော်

မြန်မာနိုင်ငံက ရင်ဆိုင်ရလျက်ရှိသော စီးပွားရေးပြဿနာတစ်ရပ်မှာ ပြည်ပကုန်သွယ်ရေးရှင်းတမ်းတွင် လိုငွေပြသနေခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံက ပြည်ပသို့တင်ပို့သော ကုန်ပစ္စည်းတို့၏ တန်ဖိုးထက် မြန်မာနိုင်ငံက ပြည်ပမှတင်သွင်းသော ကုန်ပစ္စည်းတို့၏တန်ဖိုးက ပိုမို များပြားနေခြင်း ဖြစ်ပါသည်။ ဤပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် မြန်မာနိုင်ငံအနေဖြင့် လက်ရှိတင်ပို့နေသော ပြည်ပပို့ကုန်များကို တိုးချဲ့ တင်ပို့ရန် လိုအပ်သကဲ့သို့ ပို့ကုန်အမယ်သစ်များကိုလည်း ရှာဖွေ ဖော်ထုတ်ရန် လိုအပ်ပါသည်။
အတွေ့အကြုံရင့်ကျက်သော စီးပွားရေးပညာရှင်တစ်ဦး၏ အကြံ ပြုချက်ကို ပြန်လည်မျှဝေတင်ပြလိုပါသည်။ အဆိုပါ မြန်မာစီးပွားရေး ပညာရှင်ကြီးသည် က္ဘာအရပ်ရပ်၌ စီးပွားရေးကိစ္စရပ်များစွာကို တာဝန် ယူဆောင်ရွက်ခဲ့သော ပုဂ္ဂိုလ်ကြီးဖြစ်ပါသည်။ ဤပုဂ္ဂိုလ်ကြီးတင်ပြ သော အကြုံပုချက်မှာ က္ဘာ့နိုင်ငံအသီးသီးရှိ စီးပွားရေးလုပ်ငန်းများ နှင့် အလားအလာများကို အာရုံစိုက်သုတေသနပြုလုပ်၍ မြန်မာနိုင်ငံ အတွက် အလားအလာရှိသည့် လုပ်ငန်းများ ဖော်ထုတ်ပေးမည့် သုတေ သနဌာနတစ်ရပ် ထူထောင်ရန် ဖြစ်ပါသည်။ အကျိုးစီးပွားတို့၏ သြဇာ လွှမ်းမိုးမှု ကင်းရှင်းစေရန်အတွက် အဆိုပါသုတေသနဌာနကို သီးခြား လွတ်လပ်သော ဌာနတစ်ခုအဖြစ် ထူထောင်ရန်ကိုလည်း စီးပွားရေး ပညာရှင်ကြီးက အကြံပြုထားပါသည်။ တိုင်းပြည်အတွက် အလား အလာကောင်းသော ပြည်ပပို့ကုန်အမယ်သစ်တစ်ခုရရှိရန် မလွယ်ကူ သည်ကို မီးမောင်းထိုးတင်ပြလိုခြင်း ဖြစ်ပါသည်။
ပြည်ပပို့ကုန်အမယ်သစ်ရရှိရန် မလွယ်ကူသော ယခုကဲ့သို့သော အခြေအနေမျိုး၌ အလားအလာရှိသော ပြည်ပပို့ကုန် အမယ်သစ်အဖြစ် ကော်ဖီထွက်ပေါ်လာခြင်းသည် တိုင်းပြည်အတွက် အခွင့်အလမ်းကောင်း တစ်ရပ်ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ လက်ရှိကော်ဖီစိုက်ဧကသည် ၃၅၄၈၅ ခန့်ရှိပြီး အမေရိကန်နှင့် ဂျပန်ကဲ့သို့သော နိုင်ငံကြီးများမှ ကမ်းလှမ်းဝယ်ယူလျက်ရှိပါသည်။ ဤအချက်က မြန်မာနိုင်ငံထွက် ကော်ဖီတို့၏ အရည်အသွေးကောင်းမွန်ကြောင်းကို ဖော်ပြနေပါသည်။ မြန်မာနိုင်ငံ၏ ကော်ဖီစိုက် ဧကကို တစ်သိန်းကျော်အထိ တိုးချဲ့နိုင် သော အနေအထားရှိသည်ဟုလည်း သိရှိရပါသည်။ အဓိကပြဿနာမှာ ကော်ဖီစိုက်ဧက တိုးချဲ့ရန်အတွက် ဘဏ္ဍာငွေကြေးလိုအပ်နေခြင်း ဖြစ်ပါသည်။ နိုင်ငံတော်အနေဖြင့် တိုင်းပြည်အတွက် အလားအလာ ရှိသော ပို့ကုန်အမယ်သစ်ဖြစ်သော ကော်ဖီကို တိုးချဲ့စိုက်ပျိုးနိုင်ရေး အတွက် မူဝါဒချမှတ်၍ လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးပါ ရန် အကြံပြုတင်ပြလိုပါသည်။
သို့မှာသာ တိုင်းပြည်၏ ပို့ကုန်အမယ်သစ်များ တိုးချဲ့နိုင်ပြီး တစ်ချိန် ၌ တိုင်းပြည်၏ ကုန်သွယ်ရေးရှင်းတမ်းသည် ပိုငွေပြသလာမည်ဖြစ် ကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။ ။

No comments:

Post a Comment