Thursday, March 30, 2017

ပီရူးတွင် လေယာဉ်တစ်စင်းအရေးပေါ်ဆင်းသက်စဉ် မီးလောင်မှုဖြစ်ပွား

Image may contain: one or more people, cloud, sky, mountain, outdoor and nature

လီမာ မတ် ၂၉ 

ပီရူးနိုင်ငံ ဂျူနင်းဒေသရှိ ဂျွာဂျာလေဆိပ်၌ ယမန်နေ့က လေယာဉ်တစ်စင်း အရေးပေါ်ဆင်းသက်စဉ် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ပြည်တွင်းမီဒီယာတစ်ခုတွင် ဖော်ပြခဲ့သည်။
မီးလောင်ခဲ့သော လေယာဉ်မှာ ပီရူးလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းဖြစ်ပြီး အဆိုပါလေယာဉ်သည် မြေပြင်သို့ ဆင်းသက်စဉ် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လီမာမြို့မှ ရောက်ရှိလာသည့် ဘိုးရင်း ၇၃၇ လေယာဉ်သည် ယမန်နေ့ နေ့လယ် ပိုင်းက အရေးပေါ်ဆင်းသက်စဉ် မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ လေယာဉ်ပေါ်လိုက်ပါလာသူများကို အချိန်မီကယ်ဆယ် နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားနေသည့် လေယာဉ်ပေါ် လိုက်ပါလာသည့်ခရီးသည် ၁၄ဝ နီးပါးကို မီးသတ်သမားများက အချိန်မီ ကယ်ထုတ်နိုင်ခဲ့ကြောင်း အယ်လ်ကော်မာ အမည်ရှိ ပီရူးနေ့စဉ်သတင်းစာတွင် ဖော်ပြခဲ့သည်။
လေယာဉ်အရေးပေါ်ဆင်းသက်ရသည့် အကြောင်းရင်းနှင့် မီးလောင်ရသည့် အကြောင်းတို့အား စုံစမ်းလျက်ရှိကြောင်း သိရသည်။ (ဆင်ဟွာ)

No comments:

Post a Comment