Thursday, March 30, 2017

ပြည်တွင်းငြိမ်းချမ်းရေးနှင့်အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများဆွေးနွေး

Image may contain: 1 person, shoes, table and indoor

နေပြည်တော် မတ်၂၉ 

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်အား အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Mr. Jurg Montani သည် ယနေ့ ညနေ ၃ နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်တွင်းငြိမ်းချမ်းရေး နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများ ရခိုင် ပြည်နယ် မောင်တောဒေသ၏ လက်ရှိ တည်ငြိမ်အေးချမ်းမှုအား ဆက်လက်၍ ပိုမိုကောင်းမွန်လာအောင် ကြိုးပမ်း ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ် အတွင်းရှိ နှစ်ဖက်လူ့အဖွဲ့အစည်း ရေရှည် သဟဇာတဖြစ်စွာ အတူလက်တွဲနေထိုင် နိုင်ရေးအတွက် ဆောင်ရွက်ပေးနေမှုများ၊ ဒေသအတွင်း စီးပွားရေး၊ လူမှုရေး၊ လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံ ရေးဆိုင်ရာကိစ္စရပ်များ၊ UN, NGOs, INGOs အဖွဲ့အစည်းများနှင့် နယ်စပ် ဒေသများဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်း ဆောင်ရွက်နေမှုအခြေအနေများ၊ နယ်စပ် ဒေသများရှိIDPs များနှင့် ပတ်သက်၍ လူသားချင်းစာနာထောက်ထားမှု အကူ အညီပေးရေး ဆိုင်ရာကိစ္စရပ်များ၊ မြန်မာ နိုင်ငံအတွင်း သဘာဝဘေးအ္တရာယ် များကျရောက်ခဲ့သည့် နယ်စပ်ဒေသ များ၌ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့်ICRC တို့ ပူးပေါင်း၍ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဆောင် ရွက်မှု၏ အောင်မြင်ဖြစ်ထွန်းမှုများနှင့် ရှေ့ဆက်လက် ပိုမိုပူးပေါင်းဆောင် ရွက်မည့် အစီအမံများကို ဆွေးနွေး ခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment