Thursday, March 30, 2017

ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်မှု စတင်ပြီ

Image may contain: 1 person, sitting

လန်ဒန် မတ် ၂၉

ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေသည် ဥရောပသမဂ္ဂမှ နုတ်ထွက် စွန့်ခွာသည့် စာချုပ်တစ်စောင်ကို တင်သွင်းခဲ့ကြောင်း သိရ သည်။ ဗြိတိန်၏နုတ်ထွက်မှုသည် ဥရောပသမဂ္ဂ၏ စုစည်းညီညွတ် မှုကိုစမ်းသပ်မည့် မသေချာမရေရာသည့် ညှိနှိုင်းဆွေးနွေးမှု များစွာဆီသို့ တွန်းပို့လျက်ရှိသည်။
ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရန် မဲခွဲဆုံးဖြတ်ခဲ့ပြီး ကိုးလအကြာတွင် မေသည် ဗြိတိန်နိုင်ငံအနေဖြင့် ၁၉၇၃ ခုနှစ် တွင် စတင်ဝင်ရောက်ခဲ့သည့် ဥရောပသမဂ္ဂမှ စတင်နုတ်ထွက်ရန် လုပ်ဆောင်နေပြီဖြစ်ကြောင်း ဥရောပသမဂ္ဂကောင်စီဥက္ကဋ္ဌ ဒေါ်နယ်တပ်စ်ထံသို့ အကြောင်းကြားစာတစ်စောင် ပေးပို့ ခဲ့သည်။
ဗြိတိန်ဝန်ကြီးချုပ် မေသည် ပြည်လုံးကျွတ်ဆန္ဒမဲခံယူပွဲ အပြီးတွင် နိုင်ငံရေးဆိုင်ရာ ရှုပ်ထွေးဆူပူမှုများအတွင်း ထိပ်တန်း ရာထူးနေရာကို ရရှိခဲ့သူ ဖြစ်ကာ ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက် မှုကို ဦးစွာကန့်ကွက်ခဲ့ သူဖြစ်သည်။ အီးယူမှ ဗြိတိန်ခွဲထွက်မှုသည် ၂ဝ၁၉ ခုနှစ် မတ်လနှောင်းပိုင်းတွင် သက်ရောက်မည်ဖြစ်ပြီး နှစ်နှစ်သာ အချိန်ကျန်ရှိတော့သည်။
ဗြိတိန်နိုင်ငံသည် ဥရောပသမဂ္ဂမှ ထွက်ခွာနေပြီဖြစ်ပြီး ပြန်လည်ဝင်ရောက်လာရန် မဖြစ်နိုင်တော့သည့် သမိုင်းဝင် အချိန်ကာလတစ်ခုဖြစ်လာနိုင်ကြောင်း ဝန်ကြီးချုပ် မေက ဗြိတိန် ပါလီမန်လွှတ်တော်အတွင်း၌ ဥပဒေပြုသူများအား ပြောကြား ခဲ့သည်။
မေသည် နုတ်ထွက်စာကို အင်္ဂါနေ့က လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်သည်။
(ရိုက်တာ)

No comments:

Post a Comment