Thursday, March 30, 2017

ကုန်ဈေးနှုန်းတည်ငြိမ်စေရေး၊ နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်စေရေး၊ ဘဏ်လုပ်ငန်းစနစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စများဆွေးနွေး


နေပြည်တော် မတ် ၂၉

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော် ဗဟို ဘဏ်တို့ ပူးပေါင်းကျင်းပသည့် နိုင်ငံခြား ငွေလဲလှယ်နှုန်းဆိုင်ရာ ကိစ္စရပ်များ အတွက် ပုံမှန်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင် မောင်ဝင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်နှင့် တာဝန် ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်တွင်း စက်သုံးဆီဈေးနှုန်း တည်ငြိမ်ရေးနှင့် သင့်တင့်သောဈေးနှုန်း ဖြစ်စေရေး အတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်း၊ မြန်မာနိုင်ငံ စက်သုံးဆီဖြန့်ဖြူးရောင်းချသူများအသင်း၊ စက်သုံးဆီဈေး နှုန်း ထိန်းသိမ်းရေးအဖွဲ့တို့အနေဖြင့် လစဉ်ညှိနှိုင်းဆွေးနွေးဆောင်ရွက်သွား ရန်ကိစ္စ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် များ၊ အကောက်ခွန်ရှင်းလင်းရေး အေးဂျင့်များအနေဖြင့် MACCS (အလိုအလျောက် ကုန်စည်ရှင်းလင်းရေး စနစ်)တွင် ကုမ္ပဏီအေးဂျင့်အချို့မှာ အချက်အလက် ပြည့်စုံမှန်ကန်စွာ ဖြည့် သွင်းမှုမရှိသဖြင့် သတိပေးခြင်း၊ အရေးယူ ခြင်းများကို တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက် ဆောင်ရွက်သွားရန်နှင့်MACCS စနစ်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ နိုင်ငံပိုင်ဘဏ်များနှင့် ဆက်စပ်ဌာနများ ချိတ်ဆက်ပါဝင်နိုင်ရေး ဆောင်ရွက်ရန်၊ သတိပေးအရေးယူသော အေးဂျင့်များကို မြန်မာနိုင်ငံတော် ဗဟို ဘဏ်နှင့်ပူးပေါင်း၍ ပို့ကုန်ရငွေ ပြန်လည် ဝင်ရောက်မှုအပါအဝင် လိုအပ်သည်များ စိစစ်သွားရန်ကိစ္စ၊ မြန်မာနိုင်ငံတော် ဗဟို ဘဏ်အနေဖြင့် ပြည်တွင်းငွေပေးချေမှု များ ဆောင်ရွက်ရာတွင် မြန်မာ$ကျပ်ငွေ ဖြင့် ဆောင်ရွက်ရန် ဝန်ကြီးဌာနများ၊ တိုင်း ဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များသို့ အကြောင်းကြားပြီးဖြစ်သော်လည်း အချို့ သောဌာန၊ အဖွဲ့အစည်းများမှာ လိုက်နာ ဆောင်ရွက်မှု အားနည်းနေသဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များသို့ ထပ်မံ အသိပေးအကြောင်းကြားရန်ကိစ္စ၊ နိုင်ငံ ခြားသို့ ငွေပေးချေမှုများအတွက် ဘဏ် များက L/C စနစ်ကို အားပေးမြှင့်တင်သုံးစွဲရန်ကိစ္စတို့ အပါအဝင် သက်ဆိုင်ရာ ဌာနအလိုက် ဆက်လက်ဆောင်ရွက် ရမည့်ကိစ္စရပ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန် ဆွေးနွေးညှိနှိုင်း ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment