Thursday, March 30, 2017

ဓမ္မာစရိယစာမေးပွဲ(သတ္တမနေ့)နှင့် ပါဠိပထမပြန်စာမေးပွဲ စတင်ကျင်းပ


နေပြည်တော် မတ် ၂၉

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကျင်းပလျက် ရှိသည့် ၂ဝ၁၇ခုနှစ် ဓမ္မာစရိယစာမေးပွဲ (သတ္တမနေ့)ကို တိုင်းဒေသကြီးနှင့် ပြည်နယ် စာဖြေဌာန ၅၂ ဌာန၌ လည်းကောင်း၊ပါဠိပထမပြန်စာမေးပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာဖြေဌာန ၂၄၁ ဌာနတို့၌ လည်းကောင်း ဖြေဆိုကြသည်။
ဓမ္မာစရိယစာမေးပွဲ(သတ္တမနေ့)ကို စာရင်းသွင်းသံဃာ၊ သီလရှင် စုစုပေါင်း ၈၆၄ပါးအနက် ၄၅၈ပါးဖြေဆိုကြသဖြင့် ၅၃ ဒသမ ဝ၁ ရာခိုင်နှုန်း ဖြေဆိုကြပြီး ပါဠိပထမပြန်စာမေးပွဲ (ပထမကြီး၊ပထမလတ်၊ပထမငယ်၊အခြေပြုမူလ)ပထမနေ့ကို စာရင်းသွင်း သံဃာ၊သီလရှင်စုစုပေါင်း၆၃၅၉၂ပါးအနက် ၅၁၁၅၄ပါး ဖြေဆိုကြသဖြင့် ၈ဝ ဒသမ ၄၄ရာခိုင်နှုန်း ဖြေဆိုကြကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment