Wednesday, March 29, 2017

ဇွန်လအတွင်း လက်ထပ်ကြမယ့် ကမ်ဆိုးယွန်နဲ့ လီဆန်ဝူး


Image may contain: 4 people, people standing and outdoor
လတ်တလောမှာ တောင်ကိုရီးယားအနုပညာကြယ်ပွင့်စုံတွဲတစ်တွဲရဲ့ မင်္ဂလာသတင်းဟာ ပေါ်ထွက်လာခဲ့ပြီဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ ကျော်ကြားတဲ့ သရုပ်ဆောင် မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ လီဆန်ဝူးနဲ့ ကမ်ဆိုးယွန် တို့ပဲဖြစ်ကြပါတယ်။ လက်ထပ်ပွဲကိုတော့ လာမယ့် ဇွန်လအတွင်း ကျင်းပသွားဖို့ စီစဉ်ထားကြောင်းလည်း အေပေါ့့ပ် ဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
လတ်တလောမှာ အသက်(၃၆)နှစ်ရှိပြီဖြစ်တဲ့ လီဆန်ဝူးနဲ့ သူနဲ့သက်တူရွယ်တူမင်းသမီး ကမ်ဆိုးယွန် တို့ဟာ ယခုနှစ် ဇွန်လအတွင်း လက်ထပ်တော့မှာဖြစ်ကြောင်း ကောလာဟလတွေဟာ ဆက်တိုက်ပေါ်ထွက်လာ ပြီးတဲ့နောက် ပြီးခဲ့တဲ့ မတ် ၂၈ ရက်မှာတော့ ကာယကံရှင် တွေက ကောလာဟလတွေဟာ မှန်ကန်ကြောင်း အတည်ပြု ပြောကြားပေးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
လက်ထပ်တော့မယ့် သတင်းနဲ့ပတ်သက်ပြီး ကမ်ဆိုးယွန်ရဲ့ ဖျော်ဖြေရေးအေဂျင်စီဖြစ်တဲ့ မမ်မိုအက်တာစ်က ''လီဆန်ဝူးနဲ့ ကမ်ဆိုးယွန်တို့ဟာ သူတို့နှစ်ဦးချစ်သူတွေ အဖြစ် လက်တွဲခဲ့ကြပြီးတဲ့နောက် လတ်တလောမှာတော့ လက်ထပ်ဖို့အတွက် ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်''လို့ ထုတ်ဖော်ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး ကမ်ဆိုးယွန်ရဲ့အေဂျင်စီက ''သူတို့ နှစ်ဦးဟာ MBC ရုပ်သံလိုင်းက ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ ဇာတ်လမ်းတွဲရုပ်ရှင် Happy Home ရိုက်ကူးစဉ်က စတင်တွေ့ဆုံခဲ့ကြတာဖြစ်ပြီးနောက်ပိုင်းမှာ ချစ်သူတွေ ဖြစ်ခဲ့ကြကာ နှစ်ဦးအကြားက လေးနက်လွန်းတဲ့ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းခဲ့ကြပါတယ်။ သူတို့နှစ်ဦးရဲ့ အချစ်တွေသေချာသွားပြီလို့ သိခဲ့ရပြီးနောက် တစ်ယောက်ကိုတစ်ယောက် ယုံကြည်နိုင်ပြီးတဲ့နောက်မှာတော့ တစ်ဘဝလုံးစာလက်တွဲဖော်အဖြစ် ရွေးချယ်ဖို့ ကတိပြု ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ ဒီနေ့ (မတ် ၂၈ ရက်) နောက်ပိုင်းမှာ နှစ်ဖက်မိသားစုတွေ တရားဝင်တွေ့ဆုံကာ မင်္ဂလာပွဲနဲ့ပတ်သက်ပြီး ဆွေးနွေးကြမှာပါ။ မင်္ဂလာအခမ်းအနားကိုတော့ လာမယ့် ဇွန်လလယ်ပိုင်းမှာ ကျင်းပသွားဖို့ လျာထားပေမယ့် ကျင်းပမယ့်ရက်အတိအကျနဲ့ နေရာ၊ အစီအစဉ်တွေကိုတော့ လတ်တလောအချိန်အထိ အတည်ပြုပြောကြားခဲ့ခြင်းမရှိသေးပါဘူး။ တရားဝင် ဆုံးဖြတ်ချက်ချပြီးပြီဆိုရင်တော့ ပရိသတ်တွေကို ထုတ်ဖော်ပြောကြားသွားမှာပါ။ ပရိသတ်တွေအနေနဲ့လည်း လီဆန်ဝူးနဲ့ ကမ်ဆိုးယွန်တို့ရဲ့မိသားစုတစ်ခုအစပြုတော့မယ့်အပေါ် ဆုတောင်းပေးကြပါ။ သူတို့နှစ်ဦးကိုလည်း ဂရုစိုက်မှုတွေနဲ့ အားပေးမှုတွေကိုလည်းပေးကြပါ''လို့ ပြောကြားခဲ့ပါတယ်။
လီဆန်ဝူးနဲ့ ကမ်ဆိုးယွန်တို့ဟာ သူတို့နှစ်ဦးရဲ့ ဇာတ်လမ်းတွဲရုပ်ရှင်ကို ပြသခဲ့ပြီးနောက် မကြာခင်မှာပဲ နှစ်ဦးသားချစ်သူတွေအဖြစ် လက်တွဲလိုက်ပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကာ ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ် စက်တင် ဘာလအတွင်း နှစ်ဦးအကြားက ဆက်ဆံရေးနဲ့ပတ်သက်ပြီး တရားဝင်ဖွင့်ဟခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
အေးပြည့် - စုစည်းသည်

No comments:

Post a Comment