Wednesday, March 1, 2017

ပြည်သူဗဟိုပြုသည့် ကျန်းမာရေးစနစ်ဖြစ်ပေါ်လာစေရန် မီဒီယာကို အသုံးပြု၍ ဆောင်ရွက်



Image may contain: one or more people and people sitting
နေပြည်တော် ဖေဖော်ဝါရီ ၂၈
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကုသရေးဦးစီးဌာန မီဒီယာဆက်ဆံရေးအလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၈ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက အခြေခံဆရာဝန်ကျင့်ဝတ်၊ သူနာပြုကျင့်ဝတ်များ၊ စံကိုက် ကုထုံးပုံစံများ၊ ဝန်ထမ်းကျင့်ဝတ်များ၊ စနစ်ကျသည့် စီမံခန့်ခွဲမှုများ၊ ဝန်ထမ်းကျင့်ဝတ်များ အားလုံးနှင့် ပြည့်စုံစွာ နေထိုင်နိုင်လျှင် အပြစ်ကင်းသည့် ပြည်သူကို မျက်နှာမူသော ပြည်သူ့ဝန်ထမ်းကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း။
မိမိတို့၏ မူလအရည်အသွေးများ ကို မြှင့်တင်ရမည်ဖြစ်သကဲ့သို့ မီဒီယာများ၊ ပြည်သူလူထုများနှင့် တွေ့ဆုံ ဆက်ဆံသည့်အခါတွင်လည်း မီဒီယာ ကျင့်ဝတ်များ၊ စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်ဆံပြောဆို လုပ်ကိုင်သွားမည် ဖြစ်ပါကြောင်း၊ ထို့အပြင် မီဒီယာနှင့် ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေ များကိုလည်း ပြည်သူလူထုကို စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း နှင့်အညီ ကျန်းမာရေးဝန်ထုပ်ဝန်ပိုး မဖြစ်ရအောင် နားလည်စွာ ဆက်ဆံပြောဆိုသွားရန်လည်း လိုအပ်လှပါကြောင်း။
ယနေ့အစီအစဉ်သည် ယင်း လိုအပ်ချက်တစ်ခုကို ဖြည့်ဆည်းပေးသည့် အစီအစဉ်တစ်ခုပင် ဖြစ်ပါကြောင်း၊ ယနေ့အစီအစဉ်တွင် အတွေ့အကြုံရှိဗဟိုအဆင့် ဆေးရုံအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဦးစီးမှူးများလည်း ပါဝင်နေပါကြောင်း ပြောကြားသည်။
ထို့နောက် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း အထွေထွေမန်နေဂျာ ဦးရဲနိုင်က ''ပြည်သူတို့၏ သတင်းသိရှိ ပိုင်ခွင့်ဖြည့်ဆည်းရေးနှင့် နိုင်ငံတော် အစိုးရ၏ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီမှ ဒုတိယဥက္ကဋ္ဌ ဦးအောင်လှထွန်းနှင့် အတွင်းရေးမှူး ဦးသီဟစောတို့က မီဒီယာဥပဒေများ နှင့်ပတ်သက်၍ လည်းကောင်း ရှင်းလင်းဆွေးနွေးကြရာ တိုင်းဒေသ ကြီး/ပြည်နယ် ကုသရေးဦးစီးဌာန မှူးများနှင့် ဆေးရုံအုပ်ကြီးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ကုသရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာမြင့်ဟန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသ ကြီး/ ပြည်နယ်ကုသရေးဦးစီးဌာနမှူး များနှင့် ဆေးရုံအုပ်ကြီးများ တက်ရောက် ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment