Wednesday, March 1, 2017

စတုတ္ထအကြိမ် မြန်မာနိုင်ငံ စာကြည့်တိုက်မှူးများညီလာခံ အောင်မြင်စွာကျင်းပပြီးစီး



Image may contain: one or more people and people standing
ရန်ကုန် ဖေဖော်ဝါရီ ၂၈
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပ သည့် စတုတ္ထအကြိမ် မြန်မာနိုင်ငံ စာကြည့်တိုက်မှူးများ ညီလာခံ ဒုတိယနေ့ကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၌ ကျင်းပသည်။
ညီလာခံတွင် တိုင်းဒေသကြီး/ ပြည်နယ်များမှ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် စာကြည့်တိုက်ကော်မတီများမှ တာဝန်ရှိသူများ၊ စာကြည့်တိုက်မှူးများက စာတမ်းများကို ဖတ်ကြားကြသည်။
ယနေ့ကျင်းပသည့် ညီလာခံတွင် ''ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေး၊ အောင်မြင်ရှင်သန်နေသော ကျေးရွာစာကြည့်တိုက်များ၏ ကြိုးပမ်းဆောင်ရွက်မှု၊ ကျေးရွာစာကြည့်တိုက်များ ရှင်သန်လည်ပတ်မှု၊ ကြိုးပမ်းဆောင်ရွက်ချက်များ၊ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ရေး ဆောင်ရွက်မှုအပေါ် အားနည်းချက်၊ အားသာချက်၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ အောင်မြင်ရှင်သန်နေသော ကျေးရွာ စာကြည့်တိုက်များအပေါ် လေ့လာသုံးသပ်ခြင်း၊ ရပ်ကွက်စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး၊ အမေ့ရွာ စာပျိုးခင်းစာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးမှုများ၊ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး၊ မြို့ဖွံ့ဖြိုးရေး ရာပြည့်စာကြည့်တိုက် ရှင်သန်ဖွံ့ဖြိုး မှုအခြေအနေ၊ ကျေးရွာစာကြည့်တိုက်များ၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ သုံးသပ်တင်ပြခြင်း၊ ကြီးပွားရေး စာကြည့်တိုက်အောင်မြင်တိုးတက်မှုများ၊ မင်္ဂလာစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ရေး ဆောင်ရွက်ချက်၊ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးမှုအပေါ် သုံးသပ်တင်ပြခြင်း'' ခေါင်းစဉ်များဖြင့် စာတမ်း ၁၄ စောင်ကို ဖတ်ကြားခဲ့ကြသည်။
ထို့နောက် မြန်မာနိုင်ငံစာကြည့်တိုက်မှူးများ ညီလာခံကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးညွန့်ဆွေ က အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေး ရှင်းနာယက ဦးကျော်ဆန်းနှင့် ဗဟို အလုပ်အမှုဆောင်များက ပြန်လည်သုံးသပ်ဆွေးနွေးကြသည်။
ယင်းနောက် မြန်မာနိုင်ငံစာကြည့် တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမောင်မောင်က နိဂုံးချုပ်အမှာ စကားပြောကြားပြီး ညီလာခံကို အောင်မြင်စွာရုပ်သိမ်းလိုက်သည်။
သတင်း- ရီရီမြင့်၊ ဥမ္မာသန့်

No comments:

Post a Comment