Saturday, March 4, 2017

အယ်လ်အီးတီကဲ့သို့သော အကြမ်းဖက်အဖွဲ့အစည်းများကို ပါကစ္စတန်ဖြိုခွင်းရန် အမေရိကန်လွှတ်တော်အမတ် တိုက်တွန်း



Image may contain: 1 person, sitting
ဝါရှင်တန် မတ် ၃
ပါကစ္စတန်နိုင်ငံသည် လက်ရှ်ခါအီးတိုင်ဘာ(အယ်လ်အီးတီ) ကဲ့သို့သော အကြမ်းဖက်အုပ်စုများကို ဖြိုခွင်းခြင်း သို့မဟုတ် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ အရေးယူ အပြစ်ပေးနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ခုံရုံးသို့ လွှဲပြောင်းပေးအပ်ခြင်း ပြုလုပ်ရမည်ဖြစ်ကြောင်း သြဇာကြီးမားသော အမေရိကန်ကွန်ဂရက်လွှတ်တော် အမတ်တစ်ဦးက တောင်းဆိုလိုက်သည်။
နယူးဒေလီအခြေစိုက် မဟာဗျူဟာလေ့လာရေးအဖွဲ့ အစည်းတစ်ခုဖြစ်သော ဝိဝေကနန်ဒါ အပြည်ပြည်ဆိုင်ရာ ဖောင်ဒေးရှင်းက ဝါရှင်တန်၌ ကျင်းပသော အခမ်းအနားတစ်ရပ်တွင် သြဇာကြီးမားသော အမေရိကန်အောက် လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီဥက္ကဋ္ဌ အက်ဒ်ရွိုက်စ်က အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
ပါကစ္စတန်အစိုးရသည် ဒိုဘန်ဒီမက်ဒရာဆာအမည်ရှိ ဘာသာရေးကျောင်းပေါင်း ၆ဝဝ ခန့်ကို ပိတ်သိမ်းပေးရန် လိုအပ်ကြောင်း၊ ယင်းကျောင်းများသည် အကြမ်းဖက်သမားများကို မွေးထုတ်ပေးနေသော ကျောင်းများဖြစ်သည်ဟု အမေရိကန်ကွန်ဂရက်လွှတ်တော်နှင့် သမ္မတဒေါ်နယ်ထရန့် အစိုးရအဖွဲ့တို့က ယူဆကြသည်။ ရွိုက်စ်သည် ကွန်ဂရက် လွှတ်တော်တွင် အိန္ဒိယနွယ်ဖွား အမေရိကန်နိုင်ငံသားများနှင့် သက်ဆိုင်နေသော အရေးကိစ္စများဆိုင်ရာ မူဝါဒ ရေးဆွဲရေးအဖွဲ့ငယ်ကို ထူထောင်ခဲ့သူဖြစ်သည်။
အိန္ဒိယနှင့် အမေရိကန်အကြား ကုန်သွယ်ရေးသဘော တူညီချက်သစ်ပေါ်ထွန်းလာရန် လိုအပ်ကြောင်း၊ လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက်တစ်ရပ် ရရှိရန် ကွန်ဂရက်တွင် မိမိဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
အမေရိကန် ပြည်ထောင်စုတွင် အခြေစိုက်နေထိုင် လျက်ရှိသော အိန္ဒိယနွယ်ဖွား အမေရိကန်နိုင်ငံသား အရေအတွက်၏ ထက်ဝက်ခန့်မှာ ဘွဲ့လွန်ဒီဂရီများ ရရှိထားကြောင်း၊ ၎င်းတို့၏ အနာဂတ်ဘဝမှာ တောက်ပြောင်လျက်ရှိကြောင်း ၎င်းက ပြောကြားသည်။
ပီတီအိုင်။

No comments:

Post a Comment