Friday, March 31, 2017

(၇၂)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် အင်းဝဘဏ်လီမိတက် အင်းတိုင်(ဇရပ်ကွင်း)ဘဏ်ခွဲဖွင့်

Image may contain: 18 people, people standing

ရန်ကုန် မတ် ၃ဝ

(၇၂)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် အင်းဝ ဘဏ်လီမိတက်၏ (၄၄)ခုမြောက်ဘဏ်ခွဲဖြစ်သော အင်းတိုင် (ဇရပ်ကွင်း) ဘဏ်ခွဲဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ရန်ကုန် တိုင်းဒေသကြီး လှည်းကူးမြို့နယ် အင်းတိုင်(ဇရပ်ကွင်း) လမ်းဆုံ ရှိ အဆိုပါဘဏ်ခွဲရှေ့၌ ကျင်းပသည်။
ရှေးဦးစွာ အင်းဝဘဏ်လီမိတက် အင်းတိုင်(ဇရပ်ကွင်း)ဘဏ်ခွဲအား မင်္ဂလာအချိန်ကျရောက်သည်နှင့် အင်းတိုင် တပ်နယ်မှ တာဝန်ရှိသူများနှင့် အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ငွေဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ အင်းတိုင်တပ်နယ်မှ ဗိုလ်မှူးချုပ် ခင်မောင်ဦးက အင်းဝဘဏ် လီမိတက်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကာ တာဝန်ရှိသူများနှင့်အတူ ဘဏ်ခွဲဆိုင်းဘုတ်နှင့် ကောင်တာတို့ကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။ ထို့နောက် ဘဏ်ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ပြီး ဘဏ်ခွဲအတွင်း လှည့်လည်ကြည့်ရှုသည်။
ထို့အပြင် အင်းဝဘဏ်လီမိတက်နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသော မြန်မာမိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်း (Myanmar Mobile Money Services) ကလည်း မိုဘိုင်းဖုန်းနှင့် ဆောင်ရွက်နိုင်သော ဝန်ဆောင်မှုများကို ထိရောက်ကောင်းမွန်စွာ ဆောင်ရွက်ပေးမည်ဖြစ်ပြီး အငြိမ်းစားဝန်ထမ်းများအတွက် ပင်စင်လစာများကို မိုဘိုင်းဖုန်းမှတစ်ဆင့် ထုတ်ယူရရှိနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)

No comments:

Post a Comment