Friday, March 31, 2017

အမေရိကန်-တရုတ် ထိပ်သီးဆွေးနွေးပွဲကို ဧပြီလအစောပိုင်းတွင် ကျင်းပမည်


ပေကျင်း မတ် ၃ဝ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်သည် လာမည့်ရက်သတ္တပတ်၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန် အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်သို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ် အစိုးရအဖွဲ့က ပြောကြားခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ လူကန်က သမ္မတရှီသည် လာမည့် ဧပြီ ၆ ရက် နှင့် ၇ ရက် အတွင်း တရုတ်နှင့်အမေရိကန်၏ ပထမ ဆုံးသော ထိပ်သီးစည်းဝေးပွဲကို ကျင်းပရန် ဖလော်ရီဒါပြည်နယ်ရှိ ထရန့် မာအေလာဂို အပန်းဖြေစခန်း၌ ရောက်ရှိနေလိမ့်မည် ဖြစ်ကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့ သည်။
သမ္မတရှီ၏ ဧပြီ ၆ ရက် မတိုင်မီ အထိ ကြာမြင့်မည့် ဖင်လန်နိုင်ငံ ခရီးစဉ်ပြီးသည်နှင့် ယင်းခရီးစဉ် စတင် မည်ဖြစ်ကြောင်း လူကန်ကဖြည့်စွက် ပြောကြားသည်။
ထိပ်သီးဆွေးနွေးပွဲအတွင်း တရုတ် သမ္မတရှီနှင့် အမေရိကန်သမ္မတ ထရန့်တို့သည် မြောက်ကိုရီးယားကို မည်သို့ တုံ့ပြန်ဆောင်ရွက်အရေးယူမှု များ ပြုလုပ်သွားမည်ဆိုသည့် အကြောင်း အရာများကို အဓိကထား၍ဆွေးနွေးသွား ကြဖွယ်ရှိသည်ဟု ဆိုသည်။
မြောက်ကိုရီးယားသည် ကုလသမဂ္ဂ ၏ စည်းမျဉ်းစည်းကမ်းများကို အရေး စိုက်ခြင်းအလျဉ်းမရှိဘဲ တိုက်ချင်းပစ်ဒုံး ကျည် စမ်းသပ်ပစ်လွှတ်မှုများကို ဆက် တိုက်ပြုလုပ်လျက်ရှိပြီး နောက်ထပ် နျူက လီးယားစမ်းသပ်မှုတစ်ခုကိုထပ်မံပြုလုပ် သွားမည့် အရိပ်အယောင်ရှိနေသည်။
မြောက်ကိုရီးယား၏ နျူကလီးယား လက်နက် ဖွံ့ဖြိုးလာမှုကို ဟန့်တားရာတွင် တရုတ်နိုင်ငံအနေဖြင့် တစ်ထောင့်တစ် နေရာမှ ပါဝင်ဆောင်ရွက်သွားရန် ထရန့် ၏ တောင်းဆိုတိုက်တွန်းမှုကို သမ္မတ ရှီကျင့်ဖျင်က မည်ကဲ့သို့ တုံ့ပြန်မည်ဆို သည့်အချက်ကို နိုင်ငံတကာက အာရုံ စိုက်လျက်ရှိသည်။ (ရိုက်တာ)

No comments:

Post a Comment