Thursday, March 2, 2017

တစ်နှစ်လုပ်ခ ပေါင် ၃ သန်းဖြင့် ကမ်းလှမ်းမှုကြောင့်ကော်စတာ ကို ချယ်လ်ဆီး ခက်ခက်ခဲခဲ ထိန်းသိမ်းရဖွယ်ရှိ

Image may contain: 1 person
ချယ်လ်ဆီးတိုက်စစ်မှူး ကော်စတာကို တရုတ်စူပါလိဂ်ကလပ်အသင်းတစ်ခုမှ တစ်နှစ်လုပ်ခ ပေါင် ၃၈သန်းအထိ ထပ်တိုး ကမ်းလှမ်းလိုက်ရာ ချယ်လ်ဆီးအနေဖြင့် ကော်စတာကို ခက်ခက်ခဲခဲ ထိန်းသိမ်းရဖွယ်ရှိနေသည်။
ကော်စတာမှာ လက်ရှိတွင် သွင်းဂိုး ၁၆ဂိုးအထိ သွင်းယူထားနိုင်ပြီး ယခုကမ်းလှမ်းမှုက ချယ်လ်ဆီးအသင်းအတွက် ကစားသမားတစ်ဦးကို အောင်မြင်မှုဖြင့် ရေရှည် ထိန်းသိမ်းနိုင်ခြင်းရှိ၊ မရှိဆိုသည်ကို စမ်းသပ်ခံမည့် ပွဲလည်းဖြစ်လာမည်ဖြစ်သည်။
ချယ်လ်ဆီးအသင်းက မိမိတို့တိုက်စစ်မှူးမှာ အရောင်းစာရင်းတွင် ပါဝင်သည့် ကစားသမားမဟုတ်ကြောင်း ပြတ်ပြတ်သားသား တုံ့ပြန်လိုက်သော်လည်း မြင့်မားသည့် လစာနှုန်းထားကြောင့် ကော်စတာမှာ စူပါလိဂ်သို့ သွားရောက်ကစားရန် တစ်ဖန် စဉ်းစားလာပြီဖြစ်သည်။
ကော်စတာက ယခုနှစ် ရာသီကုန်အထိ ချယ်လ်ဆီး အသင်းတွင်သာ ဆက်နေမည်ဟု ကတိပြုထားသော်လည်း အနာဂတ်ကိစ္စရပ်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ အာမခံချက်မပေး ထားရာ တရုတ်စူပါလိဂ်အသင်းများ၏ မြောက်မြားစွာသော လစားနှုန်းထားဖြင့် ကမ်းလှမ်းမှုက ချယ်လ်ဆီအတွက်ခေါင်းခဲစရာဖြစ်နေသည်။
ကော်စတာကို တရုတ်ဘီလျံနာသူဌေး ရှုယူဟိုင်းပိုင် တီယန်ကျင်း ကွမ်ဂျင်း အသင်းက ခေါ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး ကော်စတာ စူပါလိဂ်ရောက်ရှိရေးအတွက် ငွေကြေး အလုံအလောက် ထုတ်ထားပေးပြီးဖြစ်ကြောင်း သိရသည်။ ရှုယူဟိုင်းက ကော်စတာကို ပြီးခဲ့သည့် ဇန်နဝါရီဈေးကွက်အတွင်းခေါ်ယူရန် ကြိုးပမ်းခဲ့သည်ဆိုသည်ကို အတည်ပြု ပြောကြားခဲ့သည်။
၎င်းကပင်'' သီအိုရီကျကျ ပြောရရင် ကျွန်တော်တို့အသင်း အနေနဲ့ကစားသမားဝယ်ဖို့ ငွေကြေးကန့်သတ်လုပ်စရာမရှိပါဘူး။ ဒါပေမယ့် ခေါ်ယူ ချင်တဲ့ ကစားသမားတွေဟာ အသင်းကို လာရောက်ပူးပေါင်းဖို့ တွန့်ဆုတ်နေတာတော့ အမှန်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ကော်စတာနဲ့ အခြားကြယ်ပွင့်ကစားသမားတွေ အများအပြားကိုခေါ်ယူဖို့ ကြိုးပမ်းခဲ့ပါတယ်။
အချို့ကစားသမားတွေက လာမယ့်ဇွန်လကျရင် ကစားသမားသစ်တွေ အသင်းကိုရောက်လာဖို့ရှိနေပြီး ကော်စတာ(သို့မဟုတ်) သူ့လို အဆင့်တစ်ရပ်မှာ ရှိနေတဲ့ ကစားသမားတွေ လာရောက်ပါလိမ့်မယ်''ဟု အတည်ပြုပြောကြားခဲ့သည်။
မေလဲ့သင်း

No comments:

Post a Comment