Thursday, March 2, 2017

တောင်ကိုရီးယားနှင့် အမေရိကန်ပူးတွဲစစ်ရေးလေ့ကျင့်မှုစတင်

Image may contain: one or more people and outdoor
နိုင်ငံတကာသတင်း
ဝါရှင်တန် မတ် ၁ 

တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် မြောက်ကိုရီးယားနိုင်ငံ၏ခြိမ်းခြောက်မှုကို ကာကွယ်နိုင်ရန် ကာကွယ်ရေးဆိုင်ရာ စွမ်းရည်ပြည့်ဝမှုကို ပြသသည့်အနေဖြင့် နှစ်စဉ်ပြုလုပ်မြဲဖြစ်သော နှစ်နိုင်ငံပူးတွဲ စစ်ရေးလေ့ကျင့်မှု အမြောက်အမြားကို ဗုဒ္ဓဟူးနေ့တွင်ပြုလုပ်ခဲ့ကြောင်း သိရ သည်။
မြောက်ကိုရီးယားနိုင်ငံသည် ယင်း စစ်ရေးလေ့ကျင့်မှုကို ¤င်းအား အတိုက် အခံပြုသည့် စစ်ရေးအရကြိုတင်ပြင်ဆင် မှုတစ်ခုဟုအမည်ပေးခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ရက်က မြောက်ကိုရီးယားသည် တိုက်ချင်းပစ် ဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ် ခဲ့ပြီးနောက် နိုင်ငံရေးတင်းမာမှုများ မြင့်တက်လာချိန်တွင်Foal Eagle အမည်ရှိ အဆိုပါ စစ်ရေးလေ့ကျင့်မှု တစ်ရပ်ကို စတင်ဆောင်ရွက်လာခြင်း ဖြစ်သည်။
နှစ်နိုင်ငံပူးတွဲစစ်ရေး လေ့ကျင့်မှု ဗုဒ္ဓဟူးနေ့တွင် စတင်ကြောင်းကို တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ဌာနနှင့် တောင်ကိုရီးယားအခြေစိုက် အမေရိကန်တပ်မတော်က အတည်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။
စစ်ရေးလေ့ကျင့်မှုကို ဧပြီလတွင် အဆုံးသတ်မည်ဟု ပြောကြားခဲ့ပြီး အသေးစိတ်အချက်အလက်များဖော်ပြ ခြင်းမရှိခဲ့ပေ။
ပြီးခဲ့သည့်နှစ်က ပြုလုပ်ခဲ့သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် အမေရိကန် တပ်ဖွဲ့ဝင် ၁၇ဝဝဝ ခန့် ပါဝင်ခဲ့ပြီး တောင်ကိုရီးယားတပ်ဖွဲ့ဝင် ၃ဝဝဝဝဝ ပါဝင်ခဲ့သည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မက်တစ်သည် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဟန်မင်ကိုထံသို့ ဗုဒ္ဓဟူးနေ့အစောပိုင်းက ဖုန်းဖြင့် ဆက်သွယ်မှုပြုလုပ်ခဲ့ပြီး အမေရိကန် ပြည်ထောင်စုသည် ¤င်း၏ မဟာမိတ် နိုင်ငံ၏ကာကွယ်ရေးနှင့် ပတ်သက်၍ ကတိကဝတ်ပြုခဲ့သည့်အတိုင်း တစ်သဝေ မတိမ်း လုပ်ဆောင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မက်တစ် သည် ယခုရက်သတ္တပတ်တွင် တောင် ကိုရီးယားနိုင်ငံ၏လုံခြုံရေးအတွက် နိုင်ငံ အတွင်း၌ (THAAD) ဒုံးကျည် ကာကွယ်ရေးစနစ်ချထားရန် တောင်ကို ရီးယားနှင့်Lotte Group အဖွဲ့က ချုပ် ဆိုခဲ့သည့်စာချုပ်ကို ကြိုဆိုခဲ့ကြောင်း တောင်ကိုရီးယားနှင့် အမေရိကန် နှစ်နိုင်ငံလုံးက ပြောကြားခဲ့သည်။
(ရိုက်တာ)

No comments:

Post a Comment