Wednesday, March 29, 2017

ဘာလင်ပြတိုက်ရှိ ဂင်းနစ်မှတ်တမ်းဝင် ရွှေဒင်္ဂါးတစ်ပြားပျောက်ဆုံး

Image may contain: one or more people

ဘာလင် မတ် ၂၈ 

ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ ပြတိုက်တစ်ခု ၌ မတ် ၂၇ ရက် အစောပိုင်းက အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ တန်ဖိုးရှိသည့် ရွှေဒင်္ဂွးပြားကြီးတစ်ပြား အခိုးခံရကြောင်း ဘာလင်မြို့ရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့သည်။
“မေဘယ်ရွက်ကြီးဟု လူသိများသည့် ယင်းရွှေဒင်္ဂါးပြားကို ၂ဝဝ၇ ခုနှစ်တွင် ကနေဒါတော်ဝင် ဒင်္ဂါးထုတ်လုပ်ရေး စက်ရုံက ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ဒင်္ဂါးပြား ၏မျက်နှာပြင်တစ်ဖက်တွင် မေဘယ်ရွက် အား ပုံဖော်ထားပြီး အခြားတစ်ဖက်တွင် အယ်လီဇဘက် ၂ ဘုရင်မ၏ပုံအား ဖော်ပြထားကြောင်း သိရသည်။
Bode ပြတိုက်၏ ပြောကြားချက် အရ အဆိုပါ ရွှေဒင်္ဂါးတွင် သန့်စင်သော ရွှေပါဝင်မှုနှုန်းသည် ၁ဝဝဝ ပုံလျှင် ၉၉၉ ပုံဖြစ်ပြီး ဂင်းနစ်မှတ်တမ်းဝင် ရွှေဒင်္ဂါး ပြားတစ်ပြားဖြစ်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က အချင်း ၅၃ စင်တီမီတာ နှင့် အလေးချိန် ၁ဝဝ ကီလိုဂရမ်ရှိသည့် အဆိုပါဒင်္ဂါးကို သူခိုးအုပ်စု တစ်စုက ပြတိုက်အတွင်းမှ ခိုးယူသွား ခြင်းဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။
ဘာလင်မြို့လယ်ရှိ သြိန ပြတိုက် သည် ကမ္ဘာပေါ်တွင် ဒင်္ဂါးပြားအများဆုံး စုဆောင်းထားသည့် ပြတိုက်များအနက် တစ်ခုအပါအဝင်ဖြစ်ပြီး ၄င်း၏ ဒင်္ဂါး ပြခန်း၌ ရှားပါးဒင်္ဂါး ၅ဝဝဝဝဝ ခန့် စုဆောင်းထားကြောင်း သိရသည်။
(ဆင်ဟွာ)

No comments:

Post a Comment