Wednesday, March 29, 2017

တရုတ်နိုင်ငံတွင် ငြမ်းပြိုကျမှုကြောင့် လူနှစ်ဦးသေဆုံး

ပေကျင်း မတ် ၂၈ 

တရုတ်နိုင်ငံ ဟူဘေးပြည်နယ်တွင် ယနေ့ နံနက်က ငြမ်းပြိုကျမှုကြောင့် အလုပ် သမားရှစ်ဦးအနက် နှစ်ဦးအား ကယ်ဆယ် နိုင်ခဲ့သော်လည်း ၄င်းတို့သည်ဆေးရုံ အရောက်တွင် သေဆုံးသွားခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြခဲ့ သည်။
အသက်ကယ်ပစ္စည်း ကိရိယာများ၊ အနံ့ခံခွေးများနှင့်အတူ ကယ်ဆယ်ရေး လုပ်သားများသည် အပျက်အစီးများ အောက်တွင် ရောက်ရှိနေသော နောက် ထပ် ခုနစ်ဦးအား ရှာဖွေမှုများလုပ်ဆောင် နေကြောင်း ဒေသခံအစိုးရက ပြောကြား ခဲ့သည်။
အဆိုပါ ငြမ်းပြိုကျမှုသည် မချန်မြို့ ပျော်ပွဲရွှင်ပွဲများကျင်းပရာ ပန်းခြံ၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ဒေသစံ တော်ချိန် မွန်းလွဲ ၂ နာရီ ၃၅မိနစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ပြိုကျမှုတွင် ဆောက်လက်စ အဆောက်အအုံအပိုင်းအစများ ပါဝင် ကြောင်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသူ အစိုးရအရာရှိ ဟွမ်ဂူရန် က ပြောခဲ့သည်။
၃ဝ စတုရန်းမီတာပမာဏရှိ ငြမ်း များပြိုကျခဲ့ကြောင်း ဟွမ်က ပြောသည်။ ပြိုကျအစိတ်အပိုင်းများဖယ်ရှားရာတွင် ပိမိနေသူများကို အန္တရာယ်မကျရောက် ရေးသတိကြီးစွာထား၍ ဆောင်ရွက်နေ ကြောင်း ကယ်ဆယ်ရေးအကြီးအကဲ ဖြစ်သူ လီရီဖန်က ပြောသည်။ ရဲတပ်ဖွဲ့ ကလည်း အဆောက်အအုံပြိုကျမှုနှင့် ပတ်သက်ပြီး လူရှစ်ဦးကို ဖမ်းဆီးအရေးယူ ထားကြောင်း သိရသည်။
(ဆင်ဟွာ)

No comments:

Post a Comment