Thursday, March 30, 2017

ပြည်တွင်း၊ ပြည်ပမီဒီယာများ ဘူးသီးတောင်မြို့နယ် တင်းမေကျေးရွာတွင် အကြမ်းဖက် စီးနင်းတိုက်ခိုက်မှုပြုလုပ်ရန် ထပ်မံကြံစည်မှုနှင့်ပတ်သက်၍ ဖော်ထုတ်တားဆီးနိုင်ခဲ့မှုအပေါ် လွတ်လပ်စွာတွေ့ဆုံမေးမြန်း

Image may contain: 7 people, people sitting and camera

ဘူးသီးတောင် မတ် ၂၉

ရခိုင်ပြည်နယ် မောင်တောဒေသသို့ သွားရောက် သတင်းရယူရန် စစ်တွေမြို့သို့ရောက်ရှိနေသည့် ပြည်တွင်း၊ ပြည်ပမီဒီယာများ ပါဝင်သည့် သတင်းအဖွဲ့သည် ယနေနံနက်ပိုင်းက ရေယာဉ်ဖြင့် ထွက်ခွာခဲ့ရာမွန်းလွဲပိုင်းတွင် ဘူးသီးတောင်မြို့နယ်သို့ ရောက်ရှိသည်။
ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာအဖွဲ့သည် ဘူးသီးတောင်မြို့နယ် တောင်ဘဇာကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိကြရာ တောင်ဘဇာနယ်မြေရဲစခန်းမှူး ရဲအုပ်ထွန်းနိုင်နှင့် တင်းမေကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့က တင်းမေကျေးရွာတွင် အကြမ်းဖက် စီးနင်းတိုက်ခိုက်မှုပြုလုပ်ရန် သင်တန်းဖွင့်လှစ်မှု၊ ထပ်မံကြံစည်မှုတို့နှင့် ပတ်သက်၍ဖော်ထုတ်တားဆီးနိုင်ခဲ့မှုအပေါ် ရှင်းလင်း ပြောကြားပြီး မီဒီယာများက သိရှိလိုသည်များကို လွတ်လပ်စွာ တွေ့ဆုံမေးမြန်းကြသည်။
ယင်းနောက် တင်းမေကျေးရွာသို့သွားရောက်ကာ ကျေးရွာတာဝန်ခံနှင့်တွေ့ဆုံ၍ အကြမ်းဖက်မှုပြုလုပ်ရန်ကြံစည်သူ ၁၇ ဦးဖမ်းဆီးရမိမှုနှင့် ¤င်းတို့၏အခြေအနေ၊ ဖမ်းဆီးရမိသူများနှင့် သွားရောက်တွေ့ဆုံမှု အခြေအနေ၊ ဖြေကြားခဲ့မှုအပေါ် စိုးရိမ်မှု ရှိ၊ မရှိနှင့် ကျေးရွာလုံခြုံမှု အခြေအနေတို့ကို မေးမြန်းကြသည်။
ဆက်လက်၍ အကြမ်းဖက် စီးနင်းတိုက်ခိုက်မှုပြုလုပ်ရန် ကြံစည်မှုတွင် ဖမ်းဆီးခံရသူများ၏ မိသားစုဝင်နှစ်ဦးတို့နှင့် လွတ်လပ်စွာ တွေ့ဆုံမေးမြန်းကြသည်။
(သတင်းစဉ်)

No comments:

Post a Comment