Thursday, March 30, 2017

မောင်တောမြို့နယ်အတွင်း ကျေးရွာရာအိမ်မှူးနှင့် ဇနီးဖြစ်သူ ဓားခုတ်ခံရမှုဖြစ်ပွား

No automatic alt text available.

နေပြည်တော် မတ် ၂၉ 

မောင်တောမြို့နယ် ရွာသစ်ကေကျေးရွာ၌ ရာအိမ်မှူးနှင့် ဇနီးဖြစ်သူတို့ နေအိမ်တွင် အိပ်နေစဉ် ယမန်နေ့ နံနက်ပိုင်းက ဓားဖြင့် ခုတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဂေါ်ဒူသာရကျေးရွာအုပ်စု ရွာသစ် ကေကျေးရွာ ရာအိမ်မှူးဖြစ်သူ နုရ် အာမိန်နှင့် ဇနီးဖြစ်သူတို့သည် နေအိမ် တွင် အိပ်နေစဉ် တစ်ရွာတည်းနေ ဟာဘီ အူလ္လာပါ လေးဦးတို့က ''မင်းတို့လုပ်လို့ ငါတို့အဖွဲ့တွေ အဖမ်းခံနေရတယ်။ ငါတို့ အဖွဲ့တွေ ပြန်လွတ်အောင်လုပ်ပေး၊ အပြင် ထွက်ခဲ့''ဟု ပြောဆိုကာ တံခါးကို တွန်း ဖွင့်၍ အတင်းဝင်ရောက်လာပြီး ဓားဖြင့် ဝိုင်းဝန်းခုတ်ခဲ့သည်။
နုရ်အာမိန်က ပြန်လည်ခုခံခဲ့သဖြင့် ဝဲဘက်ပခုံး၊ ဦးခေါင်းနောက်စေ့၊ ယာ နားထင်၊ ယာလက်မနှင့် လက်ညှိုးကြား၊ ယာလက်ကောက်ဝတ်တို့တွင် စုစုပေါင်း ဓားခုတ်ဒဏ်ရာ ရှစ်ချက်နှင့် ¤င်း၏ ဇနီး ဖြစ်သူ နုဟာဘတ်တွင် ရင်ညွန့်တည့်တည့် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ယာပေါင် ထိုးသွင်းဒဏ်ရာတစ်ချက် အသီးသီးရရှိ ခဲ့ပြီး နုရ်အာမိန်က ပတ်ဝန်းကျင်ကို အော်ဟစ် အကူအညီတောင်းခံသဖြင့် ဟာဘီအူလ္လာပါ လေးဦးမှာ ပြန်လည် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဒဏ်ရာရရှိသူ နှစ်ဦးအား ရဲတပ်ဖွဲ့ဝင်များက မောင်တောပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ပြစ်မှု ကျူးလွန် ထွက်ပြေးလွတ်မြောက်နေသူ ဟာဘီအူလ္လာပါ လေးဦးအား ဖမ်းဆီးရမိ ရေး စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment