Thursday, March 30, 2017

ရေပူနှင့် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းများတွင် တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးဆောင်ရွက်လျက်ရှိ

Image may contain: outdoor

နေပြည်တော် မတ် ၂၉

တရားမဝင်ကုန်စည်များ တားဆီးထိန်း ချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်းတို့အား ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် မတ် ၁ ရက်က စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး မတ် ၂၈ ရက်တွင် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး တစ်လျှောက် ကုန်သွယ်မှုယာဉ်ပို့ကုန် ၆၈၆ စီး၊ သွင်းကုန် ၈ဝ၃ စီး၊ ရန်ကုန်-မြဝတီ လမ်းမကြီးတစ်လျှောက် ကုန်သွယ်မှု ယာဉ် ပို့ကုန် ၄၃ စီး၊ သွင်းကုန် ၁၃၃ စီး ကုန်စည်များ သယ်ယူပို့ဆောင်လျက် ရှိသည်။
အဆိုပါ စစ်ဆေးရေးစခန်းများက တင်သွင်း/တင်ပို့သော ကုန်ပစ္စည်းများ အား စစ်ဆေးမှုပြုလုပ်ဆောင်ရွက်လျက် ရှိရာ မတ် ၂၈ ရက် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းက တားဆီးမှုငါးမှု ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄ သန်းခန့် နှင့် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေး စခန်းက တားဆီးမှု ၁၁ မှု ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၂ ဒသမ ၈၂၃၅ သန်းခန့်၊ စုစုပေါင်း ၁၆ မှု ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၆ ဒသမ ၈၂၃၅ သန်းခန့် ဖမ်းဆီးရမိ ကြောင်း သိရသည်။
ထူးခြားဖမ်းဆီးမှုအနေဖြင့် မတ် ၂၈ ရက်က မြဝတီမှ ရန်ကုန်သို့ သွားရောက် မည့် Toyota Hiace ယာဉ်အား မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက် အထားတစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိ သည့် Cheers Beer 330 ml (1 x 24 Can) 390 pkgs နှင့် သယ်ဆောင် သည့် ယာဉ်တစ်စီး (ဝဲပုံ)စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၁၂ ဒသမ ၉ သန်း ခန့်အား တွေ့ရှိ၍ ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိ သည်။ (သတင်းစဉ်)

No comments:

Post a Comment