
X-Men ဇာတ်ကားများ၏ တတိယမြောက်နှင့် နောက်ဆုံးဇာတ်ကားဖြစ်သည့် လူစွမ်းကောင်းတစ်ဦးဖြစ်သူ ဝူလ်ဗာလင်းအဓိကဇာတ်ဆောင်အဖြစ် ပါဝင် ထားသောရုပ်ရှင်သစ် ''Logan''တွင် သြစတြေးလျမင်းသား ဟုခ်ဂျက်မန်းကို သန္ဓေပြောင်းလူသားတစ်ဦးဖြစ်သည့် ဝူလ်ဗာလင်းအဖြစ် ထပ်မံမြင်တွေ့ရဦး မည်ဖြစ်ကြောင်း သိရသည်။
''လာမယ့်ဇာတ်ကားသစ်မှာ ဘာတွေ ဘယ်လိုဆက်ဖြစ်မယ်ဆိုတာတော့ စိတ်လှုပ်ရှားစရာပါပဲ။ ကျွန်တော်ကိုယ်တိုင်တောင် ဒီဇာတ်ကားသစ်ကိုကြည့်ဖို့ စိတ်လှုပ်ရှားမိပါတယ်''ဟု မေ ၁ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့၌ ပြုလုပ်သည့် Logan ဇာတ်ကားသစ် မိတ်ဆက်ပွဲနှင့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် သရုပ်ဆောင် ဟုခ်ဂျက်မန်းက ပြောကြားခဲ့သည်။
ယင်းဇာတ်ကားကို ဖေဖော်ဝါရီ ၁၇ ရက်က (၆၇)ကြိမ်မြောက် ဘာလင် နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် မိတ်ဆက်ပြသခဲ့ပြီး မတ် ၃ ရက်က အမေရိကန် နိုင်ငံ၌ စတင်ပြသခဲ့ကြောင်း သိရသည်။
Logan ဇာတ်ကားသစ်သည် ယနေ့ခေတ်ကာလတွင် ဖြစ်ပေါ်နေသော ကမ္ဘာ့ပြည်သူများခံစားနေရသည့် အထီးကျန်မှုနှင့် ကြောက်ရွံ့မှုတို့အကြောင်းနှင့် အကောင်းမြင်စိတ်ဖြင့် ခက်ခဲသောအရာအချို့ကို အောင်နိုင်အောင် ကြိုးပမ်းနိုင်ပုံ တို့ကို ရည်ရွယ်ရိုက်ကူးထားသော ဇာတ်ကားလည်းဖြစ်သည်။
ယင်းဇာတ်ကားတွင် အဓိကသရုပ်ဆောင် စူပါဟီးရိုး ဝူလ်ဗာလင်းအဖြစ် သရုပ်ဆောင် ဟုခ် ဂျက်မန်းနှင့် ပတ်ထရစ်စတီးဝပ်တို့ ခေါင်းဆောင်ပါဝင်ထားသည်။
(ဖြိုးစန္ဒာ)
No comments:
Post a Comment