
ရန်ကုန် မတ် ၃
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာနမှ ဖေဖော်ဝါရီ တစ်လတာအတွင်း ကျပ်သန်း ၁၈ဝဝ ကျော်တန်ဖိုးရှိအကောက်ခွန်မဲ့ပစ္စည်း များကို သိမ်းဆည်းရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံ၊ ဆိပ်ကမ်းများ နှင့် အကောက်ခွန်နယ်မြေအသီးသီး တို့တွင် တင်သွင်း/တင်ပို့ခွင့် စာရွက် စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိဘဲ တင်သွင်း/ တင်ပို့သော ကုန်ပစ္စည်းများကို စစ်ဆေးရှာဖွေအရေးယူရာ ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၈ ရက်အထိ တစ်လတာကာလအတွင်း တန်ဖိုး ကျပ်သန်း ၁၈၇၆ ဒသမ ၆ဝ ရှိ အကောက်ခွန်မဲ့ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ယင်းသို့ သိမ်းဆည်းအရေးယူနိုင်ခဲ့ ရာတွင် ရန်ကုန်ဆိပ်ကမ်းတွင် တားဆီးမှုလေးမှု (ခန့်မှန်းတန်ဖိုး ကျပ် ၄၆၆ ဒသမ ၅၉၄ သန်းခန့်)၊ မန္တလေးတိုင်းဒေသကြီး အကောက်ခွန် ဦးစီးဌာနမှူးရုံးက တားဆီးမှု ၄ဝ (ခန့်မှန်းတန်ဖိုးကျပ် ၅၄၄ ဒသမ ၅၃၅ သန်းခန့်)၊ ရေပူ စစ်ဆေးရေးစခန်းက တားဆီးမှု ၂၈ မှု (ခန့်မှန်းတန်ဖိုးကျပ် ၆ဝ၄ ဒသမ ၃၆၃ သန်းခန့်)၊ မရမ်းချောင် စစ်ဆေးရေးစခန်းက တားဆီးမှုနှစ်မှု (ခန့်မှန်း တန်ဖိုးကျပ် ၆၇ ဒသမ ၈၆ သန်းခန့်)၊ မူဆယ် မြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံး က တားဆီးမှု ၂၆ မှု (ခန့်မှန်း တန်ဖိုး ကျပ် ၇၆ ဒသမ ၉ သန်းခန့်)၊ မော်လမြိုင်မြို့နယ် အကောက်ခွန် ဦးစီးဌာနမှူးရုံးက တားဆီးမှုသုံးမှု (ခန့်မှန်းတန်ဖိုးကျပ် ၄၂ ဒသမ ၇၅ဝ သန်းခန့်)၊ ပဲခူးမြို့နယ် အကောက်ခွန် ဦးစီးဌာနမှူးရုံးက တားဆီးမှုလေးမှု (ခန့်မှန်းတန်ဖိုးကျပ် ၄၄ ဒသမ ၉၅ဝ သန်းခန့်)၊ မြစ်ကြီးနားမြို့နယ် အကောက်ခွန် ဦးစီးဌာနမှူးရုံးက တားဆီးမှုလေးမှု (ခန့်မှန်းတန်ဖိုး ကျပ် ၅ ဒသမ ၅၃၆ သန်းခန့်)၊ ဗန်းမော်မြို့ နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးက တားဆီးမှုသုံးမှု (ခန့်မှန်းတန်ဖိုးကျပ် ၁၃ ဒသမ ၄၃၂ သန်းခန့်)၊ ကျိုင်းတုံ မြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံး က တားဆီးမှုတစ်မှု
(ခန့်မှန်းတန်ဖိုး ကျပ် ၂ ဒသမ ၆၈ သန်းခန့်)၊ တာချီ လိတ်မြို့နယ် အကောက်ခွန်ဦးစီးဌာန မှူးရုံးက တားဆီးမှုတစ်မှု (ခန့်မှန်း တန်ဖိုးကျပ် ၁ ဒသမ ၂ သန်းခန့်)နှင့် ထားဝယ်မြို့နယ် အကောက်ခွန်ဦးစီး ဌာနမှူးရုံးက တားဆီးမှုနှစ်မှု (ခန့်မှန်း တန်ဖိုးကျပ် ၅ ဒသမ ၈ သန်းခန့်) စုစုပေါင်း အမှုပေါင်း ၁၁၈ မှု ခန့်မှန်း တန်ဖိုးကျပ် ၁၈၇၆ ဒသမ ၆ဝ သန်း ခန့်ကို သိမ်းဆည်းရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
အဆိုပါ အကောက်ခွန်နယ်မြေ အသီးသီးမှ သိမ်းဆည်းရမိမှုများတွင် တရားဝင် စာရွက်စာတမ်းအထောက် အထား တင်ပြနိုင်ခြင်းမရှိသည့် ခရီး သည်တင်ယာဉ်များ၊ ကျောက်စိမ်းဟု ယူဆရသော ကျောက်များ၊ စားသောက် ကုန်များ၊ လူသုံးကုန်များကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
ယင်းအပြင် ဖေဖော်ဝါရီ ၂၅ ရက်က မူဆယ်မြို့မှ မန္တလေးမြို့သို့ ဝင်ရောက်လာသည့် ယာဉ်ကိုးစီးကို ရေပူစစ်ဆေးရေး စခန်း တာဝန်ကျအကောက်ခွန် စစ်ဆေးရေးအဖွဲ့က စစ်ဆေးရာ ယာဉ်ပေါ်တွင် အထောက်အထားမဲ့ လူသုံးကုန်၊ စားသောက်ကုန်နှင့် သယ်ဆောင်လာသည့် ယာဉ်များအပါ အဝင် တန်ဖိုးကျပ် ၁၄ဝ ဒသမ ၄၄၁ သန်းကို သိမ်းဆည်းမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
(ဝဝ၁)
No comments:
Post a Comment