Friday, March 31, 2017

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးလုပ်ငန်းများတွင် အရပ်ဘက်-စစ်ဘက် ပူးပေါင်းဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေး


နေပြည်တော် မတ် ၃ဝ ပြည်သူ့အစိုးရသစ်အနေဖြင့် ပြည်သူများ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ငြိမ်းချမ်းရေးသည် အရေးကြီးပါကြောင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို သဘာဝ ဘေးနှင့်ပဋိပက္ခများကြောင့် ဖြစ်သော ဘေးအ္တရာယ်များကလည်း အဟန့် အတားဖြစ်စေခြင်းကြောင့် ငြိမ်းချမ်းရေး ရရှိရန် ကြိုးပမ်းမှုနှင့် သဘာဝဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ရန် လိုပါကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားသည်။
ဆက်လက်၍ သဘာဝဘေးကြိုတင် ကာကွယ်ရေး၊ တုံ့ပြန်ရေးနှင့်ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် ပြည်သူ့အကျိုးကို ပိုမိုထိရောက် စွာ ဖြည့်ဆည်းပေးနိုင်ရန် အရပ်ဘက်-စစ်ဘက် စနစ်တကျ ပူးပေါင်းဆောင်ရွက် နိုင်ရေးအတွက် ယနေ့အလုပ်ရုံ ဆွေးနွေး ပွဲကို ဒုတိယအကြိမ် ကျင်းပရခြင်းဖြစ် ကြောင်း၊ ဘေးအ္တရာယ်ကျရောက်သော ဒေသများ အထူးသဖြင့် သွားလာရန် ခက်ခဲသောဒေသများကို တပ်မတော်၏ အကူအညီဖြင့် သွားရောက်ကာ ကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ပါ ကြောင်း၊ သာဓကအနေဖြင့် ၂ဝ၁၆ ခုနှစ် တွင် ကချင်ပြည်နယ် ဆော်လောမြို့နယ် လန်ဆယ်ဒေသ၌ ဖြစ်ပွားခဲ့သောရေဘေး တွင် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက် မှုကို ထင်ထင်ရှားရှားတွေ့ရမည်ဖြစ်ပါ ကြောင်း၊ အာဆီယံနိုင်ငံများ အချင်းချင်း နှင့် တပ်မတော်များကလည်း သဘာဝ ဘေးအ္တရာယ်ကျရောက်ပါက တစ်နိုင်ငံ နှင့် တစ်နိုင်ငံအကူအညီပေးနိုင်ရေး သဘောတူထားရှိပါကြောင်း၊ စနစ်တကျ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှု ကို ရရှိမည်ဟု ယုံကြည်ပါကြောင်း၊ ယနေ့ နံနက်ပိုင်းက နေပြည်တော် မန်းမြန်မာ ဟိုတယ်၌ ကျင်းပသည့် သဘာဝ ဘေးအ္တရာယ် စီမံခန့်ခွဲရေးလုပ်ငန်းများ တွင် အရပ်ဘက်-စစ်ဘက် ပူးပေါင်း ဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲ တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ထိုကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ UNOCHA အဖွဲ့၏Head of Office ဖြစ်သူ Mr.Mark Cutts က အလုပ်ရုံဆွေးနွေး ပွဲနှင့် စပ်လျဉ်းပြီး ရှင်းလင်းပြောကြား သည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ တပ်မတော်မှအရာရှိကြီးများနှင့် ဌာန ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူ များ တက်ရောက်ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ကုလသမဂ္ဂလူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေး ရုံး(UNOCHA) မှ ဌာနကြီးမှူး Mr. Mark Cutts ဦးဆောင်သော အဖွဲ့အားတွေ့ဆုံ၍ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ သည်။
(သတင်းစဉ်)

No comments:

Post a Comment