Friday, March 31, 2017

ကာယကံရှင်အနေနဲ့ သူ့ရဲ့ထွက်ဆိုမှုအတွက် တာဝန်ယူမှုရှိဖို့တော့လိုပါမယ်၊ မှန်ကန်မှုရှိဖို့အတွက် ဥပဒေကြောင်းအရ ဆောင်ရွက်ပေးသွားပါမယ်

Image may contain: 14 people, people sitting and outdoor


ပြည်တွင်းပြည်ပ သတင်းမီဒီယာအဖွဲ့သည် ယနေ့တွင် မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများ၌ သတင်းရယူစဉ် ကျားခေါင်း တောင်ကျေးရွာရှိ ဒေသခံအမျိုးသမီးသုံးဦးမှ ¤င်းတို့အား လွန်ခဲ့သည့်သုံးလခန့်က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အဓမ္မပြုကျင့်မှုများ ရှိကြောင်း စွပ်စွဲပြောကြားခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ တာဝန်ရှိသူများမှ ဖြစ်ရပ်မှန်ပေါ်ပေါက်ရေးအတွက် စုံစမ်း ဖော်ထုတ်သွားမည့် အခြေအနေကို မောင်တောခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးရဲထွဋ်နှင့် တွေ့ဆုံမေးမြန်းထားမှုများအား ဖော်ပြလိုက်ပါသည်-
မေး။ ။ ကျားခေါင်းတောင်ကျေးရွာမှာရှိတဲ့ ဒေသခံ အမျိုး
သမီးသုံးဦးကိုလွန်ခဲ့တဲ့ သုံးလလောက်က လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အဓမ္မပြုကျင့်မှုများရှိခဲ့တယ်လို့ ပြည်တွင်း ပြည်ပမီဒီယာတွေကို ပြောကြားထားပါတယ်။ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး သိရှိလိုပါတယ်။
ဖြေ။ ။ ဒီလို အလားတူဖြစ်စဉ်မျိုးတွေ ပြောင်ပိုက်နဲ့
ကြက်ရိုးပြင်ရွာတွေမှာ ဖြစ်ပွားခဲ့ဖူးပါတယ်။ သတင်းမီဒီယာတွေကိုရော၊ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေး ရေးကော်မရှင်အဖွဲ့တွေလာတဲ့အချိန်မှာပါ ကြက်ရိုးပြင်မှာ နေတဲ့ ဒေါ်သန်းသန်းဆိုတဲ့ အမျိုးသမီးက အဲဒီကိစ္စမျိုး ကိုယ်တိုင်ပြောကြားဖူးပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဥပဒေ ကြောင်းအရဖြေရှင်းပေးဖို့အတွက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကို ကျွန်တော်တို့ အကြောင်းကြားတယ်။ နစ်နာသူအတွက် ဥပဒေကြောင်းအရ ဖြစ်စေဖို့အတွက် အမှုဖွင့်ပေးခဲ့တယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပေးမယ် ဆိုပြီး ပြောခဲ့တယ်။ အဲဒီနေ့မှာပဲ နယ်ခြားစောင့်ရဲတပ်ဖွဲ့က ကျေးရွာအထိသွားရောက်ပြီးတော့ ဖြစ်စဉ်ကို စုံစမ်းတယ်။အဲဒီအခါကျတော့ သူကိုယ်တိုင်ပြုကျင့်ခံရတယ်လို့ပြောတဲ့ အမျိုးသမီးက ကြက်ရိုးပြင်မှာမရှိတော့ပါဘူး။ တွေ့လည်းမတွေ့ တော့ပါဘူး။ အဲ့ဒီနောက် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရပ်မိရပ်ဖ တွေကတစ်ဆင့် အမှုဖွင့်လိုခြင်းမရှိဘူး၊ ထောက်ပံ့ကြေးရလို့ ဒီလိုဖြေကြားတယ်လို့ပဲ စုံစမ်းသိရှိရပါတယ်။
ဒီလိုပဲ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေ ဒီနေ့ ကျားခေါင်းတောင်ကျေးရွာကိုရောက်တော့ အဓမ္မပြုကျင့်ခြင်း ခံရပါတယ်လို့ ကိုယ်တိုင်ထွက်ဆိုခဲ့တဲ့အတွက် ဥပဒေကြောင်း အရ သေချာလုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ အမှန်တကယ် လိုအပ်တာက နစ်နာသူကိုယ်တိုင် အမှုဖွင့်ရမှာဖြစ်သလို နယ်ခြားစောင့်ရဲတပ်ဖွဲ့ကလည်း စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်ပေးသွားမယ်။ အမှန်တကယ် နစ်နာမှုရှိတယ် ဆိုလို့ရှိရင် နစ်နာခံရသူရဲ့ ရသင့်ရထိုက်တာတွေ ရရှိမှာဖြစ် သလို ပြစ်မှုကျူးလွန်သူကိုလည်း ဥပဒေကြောင်းအရ အရေး ယူရမှာဖြစ်ပါတယ်။ သတင်းမီဒီယာတွေကို ဝန်ခံထွက်ဆိုသူရဲ့ ပုဂ္ဂိုလ်ရေးလုံခြုံရေးဆိုင်ရာကိစ္စတွေကိုလည်း ဆောင်ရွက်ပေး မယ်။ ဒါပေမယ့် ကာယကံရှင်အနေနဲ့တော့ သူ့ရဲ့ထွက်ဆိုမှု အတွက် တာဝန်ယူမှုရှိဖို့တော့လိုပါမယ်။ မှန်ကန်မှုရှိဖို့ အတွက် ဥပဒေကြောင်းအရ ဆောင်ရွက်ပေးသွားပါမယ်။ ပြစ်မှုမှန်ကန် တယ်လို့ ပေါ်ပေါက်ခဲ့ရင်တော့ ပြစ်မှုကျူးလွန်သူကိုသက်ဆိုင်ရာ အဖွဲ့အစည်းက အရေးယူသွားဖို့ ဆောင်ရွက်သွားမှာပါ။ကာယကံရှင်ကိုယ်တိုင် အဓမ္မပြုကျင့်ခံရပါတယ်လို့ ဝန်ခံထွက် ဆိုလာရင် အရေးယူမှုတွေ မဖြစ်မနေလုပ်ဆောင်ရပါတယ်။
ဒါပေမယ့် ပြောတဲ့သူဘက်ကတော့ သူပြောတာကို တာဝန်ယူဖို့လိုပါမယ်။ စစ်ဆေးချက်တွေအရ မှန်ကန်တယ်ဆိုလို့ ရှိရင် ပြစ်မှုကျူးလွန်သူကိုအပြစ်ပေး အရေးယူရမှာပါ။
ဒီလိုမျိုးဖြစ်ခဲ့တယ်ဆိုတာကို နုတ်နဲ့ပြောဆိုရုံနဲ့ မဖြစ် ပါဘူး။ ဖြစ်စဉ်နဲ့ပတ်သက်လို့ နစ်နာသူကသူ့ရဲ့နစ်နာမှုအတွက် အထောက်အထားပြဖို့ လိုပါတယ်။ သူ့ရဲ့ ပူးပေါင်းဆောင်ရွက်မှု တွေ လိုပါတယ်။ ဒါမှလည်း ပြစ်မှုကျူးလွန်သူကို စုံစမ်းဖော် ထုတ်ပြီးအရေးယူလို့ရမှာပါ။ ဒီလိုမျိုးပြောလို့ ကာယကံရှင်ကို ဖိအားပေးတာမျိုးလုပ်လို့လည်း မရပါဘူး။ ဥပဒေကြောင်း အရ ခံစားပိုင်ခွင့်ရှိတာကို လုပ်ပေးရမှာ ဖြစ်ပါတယ်။ မှန်ကန်တဲ့ ဖြစ်စဉ်တစ်ခုကို လုပ်ဆောင်ပေးဖို့ ကျွန်တော်တို့မှာ တာဝန် ရှိပါတယ်။ အဖြစ်မှန်ကို ထုတ်ပြန်ပေးဖို့အတွက်လည်း ဆောင်ရွက်သွားမှာပါ။
သူတို့အနေနဲ့ ဘယ်နေ့ဘယ်ရက်မှာ ဖြစ်ခဲ့တယ်ဆိုတာ ကို ပြောပြနိုင်ရင် ကျွန်တော်တို့အနေနဲ့ အဲဒီနေ့မှာ အဲဒီ ဒေသမှာ တာဝန်ကျတဲ့သူတွေရဲ့ မှတ်တမ်းတွေကို ပြန်လည် စစ်ဆေးပြီး ဘယ်သူဆိုတာကို ဖော်ထုတ်နိုင်မှာပါ။
မေး။ ။ ပြီးခဲ့တဲ့အခေါက်တွေကလည်းအဓမ္မပြုကျင့်
ခံရသူတွေရှိတယ်လို့ စွပ်စွဲပြီးမှအဲဒီသူတွေက ထွက် ပြေးသွားကြတယ်။ သူတို့တွေက (နိုင်ငံတကာလိုမျိုး)လာသမျှကို အဲဒီလိုမျိုး ပြောနေမယ်ဆိုရင် နိုင်ငံအတွက် လည်း သိက္ခာကျနိုင်တဲ့အတွက် အဲဒါကိုဘယ်လိုမျိုး ဆောင်ရွက်သွားဖို့ရှိပါသလဲ။
ဖြေ။ ။ ကြက်ရိုးပြင်နဲ့ ပြောင်ပိုက်တွေမှာ အဲဒီလို ဖြစ်စဉ်မျိုး
တွေ ပေါ်ပေါက်ခဲ့ဖူးတယ်။ အဲဒီအတွက် အမှုဖွင့်ပေး ထားတယ်။ အမှုဖွင့်ပြီးတာနဲ့ ဥပဒေကြောင်းအရ ဥပဒေ အကြံပြုချက် တောင်းခံထားဆဲဖြစ်ပါတယ်။ အဲဒါကို အမြန် ဆုံးရအောင်ဆောင်ရွက်မှာပါ။ ပြီးတော့မှ ဒီဖြစ်စဉ်ကမှန်ကန်မှု ရှိ၊ မရှိဆုံးဖြတ်သွားမှာပါ။ အခုဖြစ်စဉ်အတွက် အဲဒီအမျိုးသမီး တွေကို ကျေးရွာမှ တာဝန်ရှိသူတွေက အမျိုးသမီးအဖော် တွေနဲ့အတူ ငါးခူရရဲစခန်းကို ခေါ်ယူကာ အမှုဖွင့်ပေးခဲ့ပြီးဖြစ်ပါ တယ်။ အခုသူတို့ရွာကိုပြန်သွားကြပြီလို့ သိရပါတယ်။
သတင်းအဖွဲ့

No comments:

Post a Comment