Thursday, March 30, 2017

အီရတ်စစ်တပ်ဖွဲ့နှင့် စစ်သွေးကြွများ၏ အပြန်အလှန်ပစ်ခတ်မှုတွင်တစ်လအတွင်း အရပ်သား ၃ဝဝ ကျော်သေဆုံးဟု ကုလသမဂ္ဂအဖွဲ့ဆို


Image may contain: 1 person, outdoor
မိုဆူးလ် မတ် ၂၉
အီရတ်နိုင်ငံမြို့တော် မိုဆူးလ်တွင် အီရတ်တပ်ဖွဲ့ များအပါအဝင် အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့များနှင့် အိုင်အက်စ်စစ်သွေးကြွအဖွဲ့ တို့၏ အပြန်အလှန်တိုက်ခိုက်မှုများတွင် အရပ်သား ၃ဝဝ ရာကျော် တစ်လအတွင်း သေဆုံးခဲ့ရသည်ဟု ကုလသမဂ္ဂအဖွဲ့က ဆိုသည်။
အီရတ်တပ်ဖွဲ့နှင့် အမေရိကန်ဦးဆောင် ညွန့်ပေါင်းအဖွဲ့တို့က မြို့တော်မိုဆူးလ်ကို အိုင်အက်စ်တို့လက်မှ ပြန်လည်ရယူနိုင်ရန် အပြင်း အထန် ထိုးစစ်ဆင်ချေမှုန်းလျက်ရှိသည်။
ယင်းပြည်တွင်းစစ်ပွဲအတွင်း ဖေဖော်ဝါရီ ၁၇ ရက်မှ မတ် ၂၂ အထိ အရပ်သား သေဆုံးမှုအရေ အတွက်မှာ ၃ဝ၇ ဦးခန့်ရှိပြီး ၂၇၃ ဦး ထိခိုက် ဒဏ်ရာများရရှိခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့် အရေးဆိုင်ရာ မဟာမင်းကြီးရုံးက မီဒီယာများသို့ မတ် ၂၈ ရက်တွင် ပြောကြားခဲ့သည်။
သေဆုံးသွားသူအများစုသည် စစ်သွေးကြွများ၏ လူသားတံတိုင်းသဖွယ် အသုံးချခံခဲ့ရသည့်အတွက် သေဆုံးခြင်းဖြစ်သည်ဟု ထင်မြင်ယူဆကြသည်။
မတ် ၁၇ ရက်က စစ်သွေးကြွများ၏ အမာခံ ခံတပ်တစ်ခုအဖြစ် အသုံးပြုသည့် လူနေအိမ်တစ်လုံး ကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့သည့် လေကြောင်း ပစ်ခတ်မှုတစ်ခုတွင် အရပ်သား ၆၁ ဦး အနည်းဆုံး သေဆုံးခဲ့သည်။
ကုလသမဂ္ဂအဖွဲ့၏ စုံစမ်းစစ်ဆေးမှုများအရ စစ်သွေးကြွများက အရပ်သား ၁၄ဝ ကျော်ကို အဆိုပါ အဆောက်အအုံထဲသို့ အတင်းအဓမ္မဝင်ခိုင်း ပြီး စစ်သွေးကြွများထွက်ပြေးနိုင်ရန် ကာကွယ်ပေး သည့်အနေဖြင့် လူသားတံတိုင်းလုပ်ဆောင်စေခိုင်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အမေရိကန်စစ်တပ် အဖွဲ့ကလည်း လေကြောင်းတိုက်ခိုက်မှု၏ အကြောင်း ရင်းခံကို စုံစမ်းစစ်ဆေးလျက်ရှိသည်။
အိုင်အက်စ်စစ်သွေးကြွများ၏ အရပ်သားများအား လူသားတံတိုင်းအဖြစ်အသုံးချသော မဟာဗျူဟာ သည် သူရဲဘောကြောင်ရာရောက်ပြီး စစ်ရာဇဝတ် မှုမြောက်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင် ရာ မဟာမင်းကြီး ဇေ့ရာအယ်ဟူစိန်က ဆိုသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment