Thursday, March 30, 2017

ပါရီရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် တရုတ်နွယ်ဖွားတစ်ဦးသေဆုံးခဲ့ရမှု တရုတ်အစိုးရက ရှင်းလင်းချက်တောင်းခံ



Image may contain: 5 people, outdoor
ပါရီ မတ် ၂၉
ပြင်သစ်နိုင်ငံ မြို့တော်ပါရီရှိ နေအိမ်တစ်လုံးတွင် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် တရုတ်လူမျိုး အမျိုးသားတစ်ဦးသေဆုံးခဲ့ရမှုကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေး လျက်ရှိကြောင်း၊ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မကျေမနပ်ဖြစ်နေကြသော တရုတ်လူမျိုးများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား အဓိကရုဏ်း ဖြစ်ပွားခဲ့ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက မတ် ၂၉ ရက်တွင် သတင်းထုတ်ပြန် သည်။
မတ် ၂၆ ရက်က ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာနက ပြင်သစ်သံတမန်တစ်ဦးကိုဆင့်ခေါ်ခဲ့ပြီး ရှင်းလင်း ချက်တောင်းခံခဲ့ကြောင်း၊ မြို့တော်ပါရီရှိ တရုတ်တန်းရပ်ကွက်၌ နေထိုင်သော ပြင်သစ်နိုင်ငံသားခံယူထားသူ တရုတ်မျိုးနွယ် ၁ဝဝ ခန့်က လမ်းများပေါ် ထွက်လာကာ ကန့်ကွက်ဆန္ဒပြခဲ့ကြောင်း၊ ဆန္ဒပြသမားအချို့က တရုတ်တန်း ရပ်ကွက်ရှိ ရဲစခန်းရှေ့တွင် စုဝေးကာ ရဲတပ်ဖွဲ့ဝင်များအား ရန်မူခဲ့ကြကြောင်း သတင်းတွင် ဖော်ပြသည်။
ပါရီမြို့၌ နေထိုင်သော တရုတ်နွယ်ဖွား(၅၆)နှစ်အရွယ်အမျိုးသားတစ်ဦး သည် မတ် ၂၆ ရက်က ၎င်း၏နေအိမ်ရှေ့၌ မိသားစုဝင်များ ရှေ့မှောက်တွင် ရဲတပ်ဖွဲ့တစ်ဦး၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်။ အဆိုပါအမျိုးသား၏ လက်တွင် ကတ်ကြေးကိုင်ထားသဖြင့် ရဲတပ်ဖွဲ့ဝင်များက ၎င်းတို့ကို တိုက်ခိုက် မည်အထင်ဖြင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဆို၏။
မိသားစုဝင်များ၏ ပြောဆိုချက်အရမူ ယင်းအမျိုးသားသည် ငါးကို ကတ်ကြေးဖြင့် ဖြတ်တောက်နေချိန်ဖြစ်သဖြင့် ကတ်ကြေးကို ကိုင်ဆောင်ထား ခြင်းသာဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
အိမ်နီးချင်းတစ်ဦးနှင့် အော်ကြီးဟစ်ကျယ်အငြင်းပွားမှုကြောင့် ဒေသခံ များက ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပြီး စုံစမ်းစစ်ဆေးရန် လာရောက်သော ရဲတပ်ဖွဲ့ဝင်များက နားလည်မှုလွဲမှားခဲ့ပုံရကြောင်း သတင်းတွင် ဖော်ပြ သည်။
ရိုက်တာ။

No comments:

Post a Comment