
မန္တလေး မတ် ၂
အိမ်ခြံမြေရောင်းဝယ်ရာတွင် ပေးဆောင်ရသော တံဆိပ်ခေါင်းခွန်နှင့် ရောင်းဝယ်ခွန်များကို ပြည်တွင်းအခွန်များဦးစီးဌာနက ခုနစ်ရာခိုင်နှုန်းမှ လေးရာခိုင်နှုန်းအထိလျှော့ချလိုက်ခြင်းဖြင့် မန္တလေးမြို့တွင်းဧရိယာ တန်ဖိုးကြီးအိမ်ခြံမြေအရောင်းအဝယ်များ ယခင်ကထက်ပိုမိုကောင်းမွန်လာနိုင်ကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။
ပြည်တွင်းအခွန်များဦးစီးဌာနက အိမ်ခြံမြေပိုင်ဆိုင်မှုများ အမည်ပေါက်မှန်ကန်စေရေးနှင့် အခွန်သက်သာစေရေးရည်ရွယ်ကာ ဖေဖော်ဝါရီ ၆ ရက်က တံဆိပ်ခေါင်းခွန်နှင့် ရောင်းဝယ်ခွန်အား ခုနစ်ရာခိုင်နှုန်းမှ လေးရာခိုင်နှုန်းသို့ လျှော့ချကြောင်း ထုတ်ပြန်ခဲ့သည်။
၂ဝ၁၅ ခုနှစ်မှစတင်၍ အိမ်ခြံမြေအခွန်နှုန်းများ ကောက်ခံမှုမြင့်မားခဲ့ခြင်းကြောင့်
မန္တလေးမြို့တွင်း တန်ဖိုးကြီးအိမ်ခြံမြေအရောင်းအဝယ်များ အေးစက်ခဲ့ရသည်။ ကြိုက်ရောင်းကြိုက်ဝယ် အိမ်ခြံမြေဝယ်ယူသူများကလည်း မြေစာရင်းနှင့် စည်ပင်သာယာသို့လာရောက်အမည်ပြောင်းဆောင်ရွက်ခြင်းမရှိဘဲ အခွန်တိမ်းရှောင်ကာ GP ဖြင့်စာချုပ်ကာ ဝယ်ယူမှုများပြားကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။
သီဟကိုကို(မန္တလေး)
No comments:
Post a Comment