Friday, March 3, 2017

ဆားလင်းကြီးမြို့၌ မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြ



Image may contain: one or more people, crowd and outdoor
ဆားလင်းကြီး မတ် ၂

မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် လျှပ်တစ်ပြက် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက တစ်ဦးတစ်
ယောက်ချင်းဖြစ်စေ၊ အဖွဲ့လိုက်ပေါင်း၍ဖြစ်စေ မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြပွဲအခမ်းအနားကို မတ် ၁ ရက် မွန်းလွဲ ၂ နာရီက စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့ အမှတ်(၆)ချည်ထည်
စက်ရုံဝင်းမျက်နှာစာ၌ ကျင်းပခဲ့ရာ ဆားလင်းကြီးမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်
ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆားလင်းကြီးမြို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးဦးညိုဝင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆားလင်းကြီးမြို့ အမှတ်(၆)ချည်ထည်စက်ရုံမှ စက်ရုံမှူးနှင့် ဝန်ထမ်းများ၊ စုစုပေါင်း
အင်အား ၁၆ဝဝ ခန့် တက်ရောက်ကြည့်ရှုခဲ့ကြသည်။ အခမ်းအနားသို့ ဆားလင်းကြီးမြို့ မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်နှစ်စီး၊ အမှတ်(၆)ချည်ထည်စက်ရုံမှ မီးသတ်ယာဉ်တစ်စီး စုစုပေါင်းသုံးစီးဖြင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြခဲ့ကြကြောင်း သိရသည်။

ဦးငယ်(ဆားလင်းကြီး)

No comments:

Post a Comment